အခန်း (၃၁)

645 83 0
                                    

ရုပ်ရှင်ဧကရာဇ်ကြီးက စိတ်ရောဂါကုဆရာဝန်လေးကို မကြာမခဏဆိုသလိုရှာလာတော့တယ်။ ညစာအတူစားဖို့ ဒါမှမဟုတ် အတူလမ်းလျှောက်ထွက်ဖို့အတွက်ပေါ့။

စိတ်ရောဂါကုဆရာဝန်လေးသိပ်အလုပ်မရှုပ်တဲ့အချိန်ဆိုရင်တော့ သူနဲ့တွေ့လေ့ရှိတယ်။

ရုပ်ရှင်ဧကရာဇ်ကြီးက ပိတ်ရက်မှာ သူ့အိမ်ကိုသွားလည်တဲ့အချိန်မှာ ကွန်ပျူတာနဲ့ ရုပ်ရှင်ကြည့်နေတာကို တွေ့လိုက်ရတယ်။

ထိုရုပ်ရှင်က လွန်ခဲ့တဲ့ခုနစ်နှစ် ရှစ်နှစ်ကကားဖြစ်တယ်။ သူတက္ကသိုလ်ကျောင်းသားဘဝမှာတုန်းက ထိုရုပ်ရှင်ထဲမှာ အထက်တန်းကျောင်းသားလေးအဖြစ်နဲ့ ပါဝင်သရုပ်ဆောင်ခဲ့တာကြောင့် တစ်ချက်ကြည့်လိုက်ရုံနှင့်တင် သူသိနိုင်တယ်။

ရုပ်ရှင်ဧကရာဇ်ကြီးက အံ့ဩသွားတော့တယ်။ "မင်း ဘာလို့ဒီဇာတ်ကားကိုကြည့်နေတာလဲ"

စိတ်ရောဂါကုဆရာဝန်လေးက သူ့ကိုပြုံးပြလိုက်ပြီး ကြည့်ပြီးပြန်မေးလိုက်တယ်။ "မင်းရော အတူတူကြည့်မလား"

သူပထမဆုံးရိုက်တဲ့ကားဆိုတော့ အတူတူကြည့်ဖို့အတွက်ကို သူ့စိတ်ထဲကနေငြင်းဆန်ချင်နေခဲ့တယ်။ ကတုံးဆံပင်ပေါက်နဲ့ အသားညိုညိုကျောင်းသားတစ်ယောက်.. အဲ့ပုံစံကို ကြည့်ဖို့အတော်လေးကို ခက်ခဲနေတယ်။

……









ရုပ်ရှင်ဧကရာဇ်ကြီး ဦးနှောက်ပျက်သွားပြီ || ဘာသာပြန်Donde viven las historias. Descúbrelo ahora