[ နောက်ကြောင်းပြန်ခြင်း ]

557 76 0
                                    

၆။

နောက်ရက်မှာတော့ ပေးခဲ့တဲ့လိပ်စာကြောင့် လျန်ရုန်ရဲ့အိမ်လိပ်စာကို စုန်နဉ်ရှာတွေ့သွားသည်။ 

ထိုနေရာက မြို့လယ်ခေါင်က အဆင့်မြင့်ဗီလာဖြစ်သည်။ ဂိတ်ပေါက်ဝမှာတင် လုံခြုံရေးအစောင့်ရဲ့စစ်ဆေးမေးမြန်းခြင်းကို စုန်နဉ်အကြာကြီးခံလိုက်ရသည်။

သူ စိတ်ရှည်ရှည်နဲ့ပြန်လည်ရှင်းပြနေသည်။ "ကျွန်တော်က မစ္စတာလျန်ရဲ့စိတ်ကုထုံးဆရာဝန်ပါ"

လုံခြုံရေးကအစောင့်က လျန်ရုန်ရဲ့ဖြစ်ရမည်။ လျန်ရုန်မှာ စိတ်ရောဂါရှိနေပြီး ဆရာဝန်ကိုတွေ့ဖို့လိုတယ်ဆိုတာကို ငြင်းဆန်နေခဲ့သည်။ ဒါ့ကြောင့် သူကလက်ညိုးထိုးလာခဲ့ပြီး ပြောလာခဲ့သည်။ "မင်း.. အိုင်ဒေါနောက်လိုက်လာတာမလား"

"ကျွန်တော်.. မဟုတ်"

သူတို့ပြောနေရင်း လုံခြုံရေးအစောင့်က လျန်ရုန်ကိုခေါ်လိုက်ပြီး လူကိုယ်တိုင်အတည်ပြုစေလိုက်သည်။

ခဏကြာတော့ လျန်ရုန်က စလစ်ပါဖိနပ်ကိုစီးပြီး ဘတ်စကတ်ဘောကွင်းထဲသို့ ရောက်လာခဲ့သည်။ သူ စုန်နဉ်ကိုမြင်တော့ မျက်မှောင်ကြုံ့လိုက်ပြီး"မင်းက ဘယ်သူလဲ"

စုန်နဉ် သူ့ကိုယ်သူတွေးလိုက်သည်။ "သွားပါပြီ။ ဒီနေ့တော့ဝင်ရတော့မှာမဟုတ်ဘူး"

သူ့ကို လုံခြုံရေးအစောင့်က မောင်းထုတ်တော့မယ်ဆိုတာကို သတိထားမိလိုက်တာကြောင့် "မင်းအမေက ဒီကိုလာဖို့ပြောလိုက်တာ။ မနေ့ကနေ့လည်က ငါတို့တွေ့ခဲ့တယ်လေ"

ဒါကိုကြားတော့ လျန်ရုန်က ပြန်စဉ်းစားလိုက်ပြီး လုံခြုံရေးအစောင့်ကိုပြောလိုက်သည်။ "သူ့ကိုဝင်ခိုင်းလိုက်ပါ။ ကျွန်တော့်အိမ်ကိုသန့်ရှင်းရေးလုပ်ဖို့ အိမ်ကအမေခေါ်ထားတာဖြစ်လောက်မယ်"

စုန်နဉ် "....."

၇။

စုန်နဉ်က လျန်ရုန်ကနောက်ကနေလိုက်ဝင်သွားပြီးတော့ အိမ်ထဲသို့ဝင်သွားလိုက်သည်။

လျန်ရုန်ရဲ့ဗီလာက စတိုင်ကျကျပြင်ဆင်ထားပြီးတော့ မြင်တဲ့သူတိုင်းက နာမည်ကြီးဒီဇိုင်းနာရဲ့လက်ရာဆိုတာကို ပြောနိုင်ကြပေသည်။

ရုပ်ရှင်ဧကရာဇ်ကြီး ဦးနှောက်ပျက်သွားပြီ || ဘာသာပြန်Donde viven las historias. Descúbrelo ahora