[ နောက်ကြောင်းပြန်ခြင်း ]

366 60 0
                                    

၃၅။

လျန်ရုန်၏အိမ်သို့ အမြန်ထွက်ခွာလာခဲံရတာကြောင့် သော့ယူလာရန် စုန်နဉ်မေ့သွားခဲ့သည်။ ထိုနေရာသို့ ရောက်သောအခါ နေ့တစ်ဝက်တိုင်အောင် တံခါးခေါက်သံကို မည်သူမှ ပြန်ဖြေမည့်သူမရှိပေ။

လျန်ရုန်ကို စပြီးဆေးကုသပေးကတည်းက လျန်ရုန် သူ့အိမ်မှ ထွက်သွားသည်ကို တစ်ခါမျှ မတွေ့ဖူးသောကြောင့် သုန်နဉ်စိတ်မပူပါပေ။

လုံခြုံရေးအစောင့်က စုန်နဉ်နှင့်တော်တော်ရင်းနှီးနေပြီဖြစ်တာကြောင့် သူက လုံခြုံရေးအစောင့်ဆီ ပြေးသွားပြီး မေးလိုက်သည်။ ရုပ်ရှင်ဧကရာဇ်ကြီးက လွန်ခဲ့သောမိနစ်နှစ်ဆယ်က ထွက်သွားတယ်လို့ ပြောလိုက်သည်။

စုန်နဉ်က မျက်မှောင်ကြုတ်လျက် "သူဘယ်ဘက်ကို ထွက်သွားတာလဲ"

လုံခြုံရေးအစောင့်က ပြော၏။ "သူဟာ မြေအောက်ရထားဘူတာရုံကို သွားတယ်ထင်တယ်"
စုန်နဉ်၏ နှလုံးသားမှာ 'ဒုန်းခနဲ' ဖြစ်သွားတော့သည်။ သူသည် မြေအောက်ရထားဘူတာရုံဆီသို့ ချက်ချင်းလိုက်သွားတော့သည်။


၃၆။

အနီးနားရှိ မြေအောက်ရထားဘူတာရုံသည် မီတာငါးရာသာဝေးသည်။ စုန်နဉ်ဘူတာထဲသို့ ဝင်လိုက်သည်နှင့် ဓာတ်လှေကား ဧရိယာ ပတ်ပတ်လည်ရှိလူအုပ်ကြီးကို သူတွေ့လိုက်ရသည်။

လူတွေက စိတ်လှုပ်ရှားစွာနဲ့ ဖုန်းကိုကိုင်ပြီး "ဘုရား..ဘုရား.. လျန်ရုန်ပဲ" ဟူ၍ အသံကျယ်ကျယ်အော်ကာ ဓာတ်ပုံရိုက်နေကြသည်။

"လျန်ရုန်က ဘယ်သူလဲ.. သူက ရုပ်ရှင်ဧကရာဇ်ပဲလား။ ဘုရားရေ၊ သူ့အသက်ကို အရမ်းထိန်းထားနိုင်တာပဲ.. လေးဆယ်ဝန်းကျင်လို့တောင် မထင်ရဘူး။"

"ရုပ်ရှင်လောကနေကထွက်ပြီး ဝင်ငွေရင်းမြစ်တွေ ဆုံးရှုံးခဲ့ရလို့ ဆင်းရဲလွန်းပြီး အခု မြေအောက်ရထားကို သုံးနေရပြီလား"

စုန်နဉ်က အရပ်မြင့်သဖြင့် လူထူထပ်သော လူအုပ်ကို ကျော်ဖြတ်ကာ အလယ်တွင်ရပ်နေသော လျန်ရုန်ကို ချက်ချင်းတွေ့လိုက်ရသည်။

အဝါရောင်တောက်တောက် ဦးထုပ်ကို ၀တ်ဆင်ထားပြီး ပတ်ဝန်းကျင်ရှိ လူအုပ်ကြီး၏ လက်ညှိုးထိုးနေသည့်အောက်တွင် ကူကယ်ရာမဲ့စွာ လှည့်ပတ်ကြည့်နေသည်။

ရုပ်ရှင်ဧကရာဇ်ကြီး ဦးနှောက်ပျက်သွားပြီ || ဘာသာပြန်Where stories live. Discover now