အခန်း (၄၂)

740 93 0
                                    

ရုပ်ရှင်ဧကရာဇ်ကြီးက ဖုန်းကိုအိမ်ယူသွားပြီး အားသွင်းလိုက်တယ်။

သူဓာတ်ပုံအဘ်လ်ဘမ်ကို ဖွင့်လိုက်ပြီး အသက်ရှူသံက ခဏလောက်ရပ်သွားရတယ်။

ဓာတ်ပုံအဘ်လ်ဘမ်တစ်ခုလုံးက သူနဲ့တဖက်သူရဲ့ပုံတွေချည်းပဲ။ တချို့ပုံတွေက တောင်ပေါ်တက်နေတာ၊ ဘာဘီကျူးစားနေကြတာ၊ ရိုလာကိုစတာပေါ်မှာ၊ မီးပန်းအတူတူကစားနေကြတာတွေ..

ရက်စွဲတွေက သူကားအက်စီးဒန့်ဖြစ်ပြီး လွန်ခဲ့တဲ့သုံးနှစ်က ရက်စွဲတွေဖြစ်တယ်။

ပုံတွထဲမှာ ရုပ်ရှင်ဧကရာဇ်ကြီးက ဟူဒီနဲ့ ဆွယ်တာတွေကို ဝတ်ထားပြီး အရူးတစ်ယောက်လို ရယ်နေသည့်ပုံတွေသာဖြစ်တယ်။ အဲ့ဒီအင်္ကျီတွေကို မဝတ်ခဲ့တာနှစ်ပေါင်းများစွာကြာနေပြီဖြစ်တယ်။

တစ်ဖက်သူကတော့ အခုလက်ရှိပုံစံနဲ့ နည်းနည်းမျှတောင် ကွာခြားသွားခဲ့ခြင်းမရှိပါပေ။ ရုပ်ရှင်ဧကရာဇ်ကြီးရဲ့လက်မောင်းတွေကြားမှာ မှီထားပြီး ပျော်ရွှင်စွာ ပြုံးရွှင်နေခဲ့တယ်။ 

သူ့လက်ကောက်ဝတ်မှာလည်း အရင်ကရုပ်ရှင်ဧကရာဇ်ကြီးကို ပြန်ပေးဖူးသည့်နာရီကို ဝတ်ဆင်ထားတယ်။

……

႐ုပ္ရွင္ဧကရာဇ္ႀကီးက ဖုန္းကိုအိမ္ယူသြားၿပီး အားသြင္းလိုက္တယ္။

သူဓာတ္ပုံအဘ္လ္ဘမ္ကို ဖြင့္လိုက္ၿပီး အသက္ရႉသံက ခဏေလာက္ရပ္သြားရတယ္။

ဓာတ္ပုံအဘ္လ္ဘမ္တစ္ခုလုံးက သူနဲ႔တဖက္သူရဲ႕ပုံေတြခ်ည္းပဲ။ တခ်ိဳ႕ပုံေတြက ေတာင္ေပၚတက္ေနတာ၊ ဘာဘီက်ဴးစားေနၾကတာ၊ ႐ိုလာကိုစတာေပၚမွာ၊ မီးပန္းအတူတူကစားေနၾကတာေတြ..

ရက္စြဲေတြက သူကားအက္စီးဒန႔္ျဖစ္ၿပီး လြန္ခဲ့တဲ့သုံးႏွစ္က ရက္စြဲေတြျဖစ္တယ္။

ပုံတြထဲမွာ ႐ုပ္ရွင္ဧကရာဇ္ႀကီးက ဟူဒီနဲ႔ ဆြယ္တာေတြကို ဝတ္ထားၿပီး အ႐ူးတစ္ေယာက္လို ရယ္ေနသည့္ပုံေတြသာျဖစ္တယ္။ အဲ့ဒီအက်ႌေတြကို မဝတ္ခဲ့တာႏွစ္ေပါင္းမ်ားစြာၾကာေနၿပီျဖစ္တယ္။

တစ္ဖက္သူကေတာ့ အခုလက္ရွိပုံစံနဲ႔ နည္းနည္းမွ်ေတာင္ ကြာျခားသြားခဲ့ျခင္းမရွိပါေပ။ ႐ုပ္ရွင္ဧကရာဇ္ႀကီးရဲ႕လက္ေမာင္းေတြၾကားမွာ မွီထားၿပီး ေပ်ာ္႐ႊင္စြာ ၿပဳံး႐ႊင္ေနခဲ့တယ္။ 

သူ႔လက္ေကာက္ဝတ္မွာလည္း အရင္က႐ုပ္ရွင္ဧကရာဇ္ႀကီးကို ျပန္ေပးဖူးသည့္နာရီကို ဝတ္ဆင္ထားတယ္။

ရုပ်ရှင်ဧကရာဇ်ကြီး ဦးနှောက်ပျက်သွားပြီ || ဘာသာပြန်Donde viven las historias. Descúbrelo ahora