အခန်း (၁၈)

910 120 0
                                    

ရုပ်ရှင်ဧကရာဇ်ကြီးက တောင်ပေါ်တွင် တစ်လနီးပါးနေလိုက်ရသည်။ သူပြန်ရောက်လာတော့ သက်တောင့်သက်သာရှိမှုကို ခံစားလိုက်ရပြီး ရေနွေးဖြင့် ရေချိုးကန်ထဲတွင် ဇိမ်ယူလိုက်တော့သည်။ အဝတ်အစားလဲပြီးနောက်မှာတော့ စိတ်ရောဂါကုဆရာဝန်ကို တွေ့ဖို့အတွက် ဆေးခန်းကို သွားလိုက်တော့သည်။

ဧည့်ကြိုကောင်တာက ကောင်မလေးနှစ်ယောက်က သူဘယ်သူလဲဆိုတာကို သိပြီးသားဖြစ်တာမို့ အကြောင်းကြားလိုက်တော့သည်။ "ဒေါက်တာဆုန်းက လူနာရှိနေပါတယ်။ လော်ဘီမှာ ခဏလောက် ထိုင်စောင့်ပေးပါနော်"

ရုပ်ရှင်ဧကရာဇ်ကြီးက 'အိုခေ' လို့ပြောလိုက်ပြီးတော့ ရှေ့နှစ်လမ်းကို လျှောက်ပြီးနောက် နောက်ကို ပြန်လှည့်လိုက်တော့သည်။ "ဒေါက်တာဆုန်းဆီမှာ တွဲနေတဲ့သူရှိလားဟင်"

ကောင်မလေးနှစ်ယောက်က အကြည့်ချင်းဖလှယ်လိုက်ကြပြီး ရုပ်ရှင်ဧကရာဇ်ကြီးနဲ့ အတင်းပြောလိုက်သည်။

"ရှိမယ်ထင်တယ်။ အရင်နေ့လည်စာစားချိန်တုန်းကဆိုရင် တစ်ယောက်ယောက်နဲ့ ဖုန်းပြောနေတာကို အမြဲတမ်းကြားနေရတာ။ သူ့အသံက ချိုမြနေရော.. ကျွတ်, ကျွတ်.. သူ့လူလေးပဲဖြစ်လိမ့်မယ်"

"သူက 'ဘေဘီ' လို့တောင် ခေါ်သေးတာ.. ကြည့်ရတာ အသက်ငယ်ပြီး အတော်ချွဲတတ်တဲ့ပုံပဲ။

"ဒါပေမဲ့ အခုတလောတော့ ဖုန်းပြောတာ မကြားရတော့ဘူး။ ကြည့်ရတာ ပြတ်သွားပြီထင်တယ်"

...............


႐ုပ္ရွင္ဧကရာဇ္ႀကီးက ေတာင္ေပၚတြင္ တစ္လနီးပါးေနလိုက္ရသည္။ သူျပန္ေရာက္လာေတာ့ သက္ေတာင့္သက္သာရွိမႈကို ခံစားလိုက္ရၿပီး ေရေႏြးျဖင့္ ေရခ်ိဳးကန္ထဲတြင္ ဇိမ္ယူလိုက္ေတာ့သည္။ အဝတ္အစားလဲၿပီးေနာက္မွာေတာ့ စိတ္ေရာဂါကုဆရာဝန္ကို ေတြ႕ဖို႔အတြက္ ေဆးခန္းကို သြားလိုက္ေတာ့သည္။


ဧည့္ႀကိဳေကာင္တာက ေကာင္မေလးႏွစ္ေယာက္က သူဘယ္သူလဲဆိုတာကို သိၿပီးသားျဖစ္တာမို႔ အေၾကာင္းၾကားလိုက္ေတာ့သည္။ "ေဒါက္တာဆုန္းက လူနာရွိေနပါတယ္။ ေလာ္ဘီမွာ ခဏေလာက္ ထိုင္ေစာင့္ေပးပါေနာ္"


႐ုပ္ရွင္ဧကရာဇ္ႀကီးက 'အိုေခ' လို႔ေျပာလိုက္ၿပီးေတာ့ ေရွ႕ႏွစ္လမ္းကို ေလွ်ာက္ၿပီးေနာက္ ေနာက္ကို ျပန္လွည့္လိုက္ေတာ့သည္။ "ေဒါက္တာဆုန္းဆီမွာ တြဲေနတဲ့သူရွိလားဟင္"


ေကာင္မေလးႏွစ္ေယာက္က အၾကည့္ခ်င္းဖလွယ္လိုက္ၾကၿပီး ႐ုပ္ရွင္ဧကရာဇ္ႀကီးနဲ႔ အတင္းေျပာလိုက္သည္။


"ရွိမယ္ထင္တယ္။ အရင္ေန႔လည္စာစားခ်ိန္တုန္းကဆိုရင္ တစ္ေယာက္ေယာက္နဲ႔ ဖုန္းေျပာေနတာကို အၿမဲတမ္းၾကားေနရတာ။ သူ႔အသံက ခ်ိဳျမေနေရာ.. ကြၽတ္, ကြၽတ္.. သူ႔လူေလးပဲျဖစ္လိမ့္မယ္"


"သူက 'ေဘဘီ' လို႔ေတာင္ ေခၚေသးတာ.. ၾကည့္ရတာ အသက္ငယ္ၿပီး အေတာ္ခြၽဲတတ္တဲ့ပုံပဲ။


"ဒါေပမဲ့ အခုတေလာေတာ့ ဖုန္းေျပာတာ မၾကားရေတာ့ဘူး။ ၾကည့္ရတာ ျပတ္သြားၿပီထင္တယ္"

ရုပ်ရှင်ဧကရာဇ်ကြီး ဦးနှောက်ပျက်သွားပြီ || ဘာသာပြန်Tempat cerita menjadi hidup. Temukan sekarang