အခန်း (၁၉)

950 128 0
                                    

ရုပ်ရှင်ဧကရာဇ်ကြီးက ခုံတန်းရျည်ပေါ်မှာထိုင်ရင်း စောင့်နေခဲ့သည်။ ဧည့်ကြိုကောင်တာက ကောင်မလေးနှစ်ယောက်နဲ့ ပြောခဲ့တဲ့စကားတွေက သူ့စိတ်ထဲမှာ ပြန်ပေါ်လာတော့သည်။ 

စိတ်ရောဂါကုဆရာဝန်က သိပ်ကိုမှ နူးညံ့သည့်သူတစ်ယောက်ဖြစ်သည်။ သူ့ကို လာကြိုက်တဲ့သူတိုင်းကို ကောင်းကောင်းမွန်မွန်ဆက်ဆံပေးမှာပဲလေ။ တစ်ဖက်သူကလည်း ငယ်တယ်ဆိုမှတော့ သူနဲ့တွဲရတာကို သဘောကျကြမှာ အမှန်ပဲ.

ထိုအချိန်မှာ စိတ်ရောဂါကုဆရာဝန်က အခန်းထဲကနေ အပြင်ကို ထွက်လာခဲ့သည်။ ရုပ်ရှင်ဧကရာဇ်ကြီးကို မြင်လိုက်ရတာကြောင့် အဩသွားပြီး "မင်း ဘာလို့ ဒီမှာ ရှိနေတာလဲ"

ရုပ်ရှင်ဧကရာဇ်ကြီးက ဘေးနားက အိတ်အကြီးကြီးကို ညွှန်ပြလိုက်ပြီး "မင်းအတွက် လက်ဆောင်ယူလာခဲ့ပေးတာ"

မျှစ်တွေရယ်၊ အလေ့ကျပေါက်လေ့ရှိသော ဟင်းရွက်အချို့တို့ကို သူတောင်ပေါ်မှာ ရိုက်ကူးရေးလုပ်တုန်းက ခူးလာခဲ့တာဖြစ်သည်။

စိတ်ရောဂါကုဆရာဝန်က ပျော်ရွှင်စွာ ရယ်မောလိုက်သည်။ 


........................ 











ရုပ်ရှင်ဧကရာဇ်ကြီး ဦးနှောက်ပျက်သွားပြီ || ဘာသာပြန်Where stories live. Discover now