အခန်း (၇)

1K 123 0
                                    

ရုပ်ရှင်ဧကရာဇ်ကြီးနှင့် ထိုမကျော်ကြားသောကောင်လေးတို့ အတူတူအပြင်ထွက်စားကြသည့်ပုံက နောက်ရက်တွင် Hot Search ကို ရောက်သွားတာကြောင့် သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို အလိုလိုအတည်ပြုပေးလိုက်သလို ဖြစ်သွားတော့သည်။ 

သို့ပေမဲ့လည်း အဲ့အကြောင်းကို ရုပ်ရှင်ဧကရာဇ်ကြီးကိုယ်တိုင်လည်း မသေချာပါပေ။ 

သူ ထိုကောင်လေးနဲ့အတူရှိနေတိုင်း ရင်တစ်ခါမျှမခုန်ဖူးပါချေ။ သူ တစ်ချို့သောဖြစ်နိုင်ချေမေးခွန်းတွေကို သူ့ကိုယ်သူပြန်မေးကြည့်ပြီး တဖြည်းဖြည်းနှင့် ထိုကောင်လေးရဲ့စကားတွေကို မယုံကြည်ဖြစ်လာတော့သည်။ 

ရုပ်ရှင်ဧကရာဇ်ကြီးက တုံ့ဆိုင်းနေပေမဲ့လည်း နောက်ဆုံးမှတော့ စိတ်ရောဂါကုဆရာဝန်ထံသို့ ထမင်းအတူစားပါရန် ဖုန်းခေါ်ဆိုဖြစ်လိုက်တော့သည်။

"ဘာစားကြမှာလဲ" စိတ်ရောဂါကုဆရာဝန်က မေးလိုက်သည်။ 

စဉ်းစားမနေတော့ဘဲ ရုပ်ရှင်ဧကရာဇ်ကြီးက ထုတ်ပြောမိလိုက်တော့သည်။ "ဟုန်ထင်"

တစ်ဖက်သူက ချက်ချင်းတိတ်ဆိတ်သွားတော့သည်။ 

"ဘာဖြစ်လို့လဲ? မင်း မကြိုက်ရင် တခြားဆိုင်ကို ချိန်းလို့ရတယ်လေ"

"မဟုတ်ပါဘူး။ ငါကြိုက်ပါတယ်"


.............................
















"မဟုတ်ပါဘူး။ ငါကြိုက်ပါတယ်"

ရုပ်ရှင်ဧကရာဇ်ကြီး ဦးနှောက်ပျက်သွားပြီ || ဘာသာပြန်Where stories live. Discover now