3

1.4K 146 14
                                        

Unicode

အော်..အချစ်..အချစ် ။
ကိုယ်က ချစ်နေလို့လား မသိဘူး..
မောင်နဲ့ပတ်သက်လာရင် သူသည် လိုတာ
ထက်ပိုပြီး အကဲပိုတတ်သည် ။ အခုလည်း
ရင်ထိုးလေးကို တဖွဖွကိုင်ရင်း တစိမ့်စိမ့်
ကြည့်ကာ စိတ်တို့ကြည်နေသည် ။

" Jeon JungKook !! "
စိတ်ကြည်ပြီဆို အဖျက်အနှောင့်တွေ
ဝင်လာတတ်တာ သဘာဝလား ။

ဝင်ဝင်လာချင်းပဲ ဂျွန်ဟွာအင်းသည်
JungKookရဲ့ ဆံပင်တွေကို ဆောင့်ဆွဲ
လိုက်သည် ။
"နင်-နင်..မနေ့က ဘယ်လိုလုပ်လိုက်တာလဲ..
ငါ့ကို အရှက်ခွဲတယ်..ငါ့သိက္ခာတွေကို
မြောင်းထဲ ထည့်တဲ့ကောင် ! "

ဦးရေပြားတွေ စပ်ဖျင်းအောင် နာလည်း
ရုန်းကန်ခြင်း တစိုးတစိမှ မရှိခဲ့ ။
" စေ့စပ်ပွဲကိုတောင် မငြင်းခဲ့ရပါဘူး..
ဘာတွေ အရမ်းလောင်နေတာလဲ အမေ "

" ဟမ်..နင့်လုပ်ပုံက ငြင်းလိုက်တာထက်
တောင် ပိုဆိုးသေး..စကားဝိုင်းက ထထွက်ပြီး
ပျောက်သွားတယ် "

ခြံပြင်က အနမ်း​အကြောင်းပါ သိရင်
ဂျွန်ဟွာအင်းသည် သွေးအန်နိုင်ချေရှိ၏ ။

" နင် အဲ့မိန်းကလေးကို လက်ခံကို ခံရမယ် "

" ဘာအတွက်လဲ !!! "

" Jeon Groupရဲ့ အာဏာအတွက်ပေါ့..
သူတို့နဲ့သာ ပေါင်းစည်းလိုက်ရင်
Jeon Groupကို ဘယ်သူမှ မယှဥ်နိုင်တော့
ဘူး...ယူဆိုရာဆိုတဲ့ မိန်းမရဲ့ လုပ်ငန်းစုလည်း
ငါ့ ခြေထောက်အောက်မှာ ပြားပြားဝပ်နေ
တော့မှာ "

" Jeon Groupက အမေ့လက်ထဲရောက်လာ
လိမ့်မယ်လို့ မျှော်လင့်နေတာလား..
ဆက်ဆံသူက ကျွန်တော်ပါ.."

" သိတယ်လေ..ဒါကြောင့်ပဲ ငါနင့်ကို
မွေးခဲ့တာ..ဒီ Jeon Groupတစ်ခုလုံး
ငါ့လက်ထဲရောက်ဖို့က ဆက်ခံသူဆိုတဲ့
နင်ရှိမှ ဖြစ်မှာမို့..ငါနင့်ကို ဖျက်ချရမဲ့အစား
ဗိုက် အနာခံပြီး မွေးခဲ့တာပေါ့ Jeon
JungKookရယ် "

ဒီစကားလုံးတွေက အမေတစ်ယောက်
ပြောသင့်တဲ့ စကားတွေလား ။ ဘေးလူ
ကြားတောင် အသည်းနာစေလောက်တဲ့
စကားတွေက သားအရင်းခေါက်ခေါက်
အတွက်ဆို ရင်ကွဲနာကျမတတ်ပဲ ။

" ကျေးဇူးပြုပြီး ထွက်သွားပေးပါ.."

" နင့် လုပ်ရပ်တွေကို ပြင် Jeon JungKook..
ငါ ဝင်မပါချင်ဘူး..."

Ashes Of Burning DesireWhere stories live. Discover now