Unicode
" ဂျွန်ဟွာအင်း !!! မင်းတော်တော် ယုတ်မာတဲ့
မိန်းမ..."
ဒေါသတကြီးအော်ဟစ်ကာ ဂျွန်ဟွာအင်း
ရှိနေသည့်အခန်းထဲဝင်လာသောဂျွန်မင်ဂျွန်း။" ဘာတွေ လာယောင်နေတာလဲ မင်ဂျွန်း "
ဂျွန်ဟွာအင်းသည် ဖုန်းကို အကြည့်မပျက်
ပြန်ဖြေသည် ။" မင်း..မင်း...ငါ့သားလေးကို သတ်ခဲ့တာ..."
" ဘာတွေရူးနေတာလဲ မင်ဂျွန်း..ဘယ်တုန်းက
ရှင့်မှာ သားရှိဖူးလို့လဲ..."" ဆိုရာနဲ့ ငါ့ရဲ့သားလေး.....ငါတို့သားလေးကို
မင်း သတ်ပစ်ခဲ့တာ !!!! "ဂျွန်ဟွာအင်းသည် အေးဆေးနေသည့်ပုံစံမှ
ရုတ်တရက် လှုပ်လှုပ်ရှားရှားဖြစ်သွားသည် ။
အဲ့ကိစ္စကို မည်သူမျှ မသိအောင် သူမ
အကောင်းဆုံး ဖုံးဖိထားခဲ့သည် မလား ။" ရှင်..ရှင်..အဲ့ဒါကို ဘယ်လို သိသွားတာလဲ "
" မင်းလုပ်ခဲ့တာ မင်းဝန်ခံပြီပေါ့...! "
" ဟုတ်တယ် ကျွန်မ လုပ်ခဲ့တယ်...အဲ့ဒီတော့
ဘာဖြစ်လဲ.."
ဂျွန်ဟွာအင်း၏ မျက်နှာပြောင်တိုက်သည့်
စကားလုံးတွေသည် ဂျွန်မင်ဂျွန်း၏ စိတ်ကို ပို၍ ဆွပေးနေသယောင် ။" ဘာဖြစ်လဲ ဟုတ်လား...!! မင်း လူမဆန်တဲ့
မိန်းမ !! "" လူမဆန်ဘူး ဟုတ်တယ် !!! ကျွန်မက
လူမဆန်ဘူး...! ဘာလို့လဲ သိလား..ရှင့်ကို
ချစ်လွန်းလို့ !! ရှင့်ကို ချစ်လွန်းလို့...ကျွန်မက
လူယုတ်မာ လုံးလုံးဖြစ်ခဲ့တာ..! "" မင်း အချစ်က သိပ်ရွံဖို့ကောင်းတယ်.."
ဂျွန်ဟွာအင်းသည် အသက်ရှူတွေပါ ကျပ်လာပြီး အလွန်အမင်း အော်ငိုပစ်ချင်သောလည်း ပေါက်ထွက်မလာအောင် ခက်ခက်ခဲခဲ
ထိန်းချုပ်နေသည် ။" ငါ မင်းကို သတ်ပစ်မယ် ဂျွန်ဟွာအင်း !! "
ရုတ်တရက် ဂျွန်မင်ဂျွန်းသည် စိတ်လွတ်နေသူတစ်ယောက်လို ဂျွန်ဟွာအင်းအား
အတင်း လည်ပင်းညှစ်တော့သည် ။
ဂျွန်ဟွာအင်းသည် ကြမ်းပြင်ပေါ်သို့လဲကျ
သွားပြီး လူးလိမ့် ရုန်းကန်နေသည် ။" မင်းနဲ့ တန်တဲ့ ငရဲကို ငါပို့ပေးမယ်..."
" အစ်-လွှ-တ် စ-မ်း.."

YOU ARE READING
Ashes Of Burning Desire
FanfictionP.J.M × J.J.K Desire is the ficere inferno that will burn you down, leaving nothing but ashes and ruins.