19[Epilogue]

2.8K 130 24
                                    

Unicode

" မောင့်ကို ခေါ်ပေး !!!! "

ဆေးရုံခန်းထဲ ဝင်ဝင်ချင်းပင် ကြားလိုက်
ရသည့် အော်သံကျယ်ကျယ် ။ ဆေးတိုက်ရန်
ပြင်နေသည့် Nurseလေးသည် မျက်စိပျက်
မျက်နှာပျက် ။

ကုတင်ပေါ်ကဆေးရုံဝတ်စုံနဲ့ ကောင်လေးက
တော့ သောင်းကျန်းကောင်းဆဲ ။ ဘေးဘီတွင်
ပစ္စည်းတချို့မှာလည်း အပြိုပြိုအလဲလဲ ။

" Jeon "

" မောင် !!! "
အခန်းဝက သူ့ကိုမြင်တော့ ဝမ်းပန်းတသာ
ကုတင်ပေါ်မှပြေးဆင်းလာပေမဲ့ခြေထောက်မှ
ဒဏ်ရာတွေကြောင့် ညည်းညူသံပြုကာ
ပုံခနဲလဲကျသည် ။

Jiminသည် ​အမြန်ပြေးပွေ့ကာ ကုတင်ပေါ်
ပြန်တင်ပေးသည် ။ Jeonမျက်လုံးတွေကို
သေချာစိုက်ကြည့်ရင်း Jiminသည် အခြေအနေကို နားလည်သွားသည် ။

" မောင် မောင်...မောင့်ကို စောင့်နေတာ..."

"ဟုတ်လား..ကိုယ့် Jeonလေးက....
ဒဏ်ရာတွေရော ဘယ်လိုလဲ နာသေးလား "

" နာတယ်..နာတယ်..အရမ်းနာတယ်...
ကျောတွေ အောင့်လွန်းလို့ လှဲအိပ်လို့
မရဘူး..ခြေထောက်တွေလည်း မထောက်
နိုင်အောင်ကို နာတယ်..."

ငိုမဲ့မဲ့လေး ပြောလာသည့် Jeonပုံစံက
တကယ့် သနားစဖွယ် ။ Jiminသည်
အရှင်းမပျောက်သေးသည့် Jeonမျက်နှာ
ပေါ်ကို ဒဏ်ရာတချို့ကို ခပ်ဖွဖွထိသည် ။

" မကြာခင် သက်သာသွားမှာပါ..မောင်ရှိတယ် "

" မောင် ရှိရင် ရပြီ..."

" SeokJin..သူ့ကို ဆေးရုံက ခေါ်လို့ရမယ်
မလား..."

" ငါ ဘယ်သိပါ့မလဲ Jimin..ဆရာဝန်
မေးကြည့်လေ..."

ဆရာဝန်နှင့် ပြောစရာကိစ္စများ ပြောပြီးလျှင်
Jeonကို တစ်ခါတည်း ကားပေါ်ကို တင်ကာ
အိမ်သို့ ခေါ်ခဲ့လိုက်သည် ။ ပြူးတူးကြောင်တောင်လေး Jeonက ဘယ်ကိုသွားနေလဲဆိုတာ စူးစမ်းနေပုံ ။

" Jeon..တကယ် ဘာမှ မမှတ်မိဘူးလားဟင်"
Jeonကား ခေါင်းကို တွင်တွင်သာရမ်းသည်။

" မောင့်ကိုပဲ သိတာ..တခြားဘာမှ တွေးမရဘူး.."
သူ့နာမည်နှင့် သူ့ကိုပဲ မှတ်မိတော့သည် ။
ဖြစ်ပျက်ခဲ့သည့် အ​ကြောင်းတွေသာမက
Jeonကိုယ်တိုင် ဘယ်သူဘယ်ဝါဆိုတာကိုပင်
မမှတ်မိချေ ။

Ashes Of Burning DesireWhere stories live. Discover now