7

1K 122 8
                                        

Unicode

ဝရန်တာတွင်ရှိသော နီရဲရဲ ဆိုဖာရှည်ပေါ်တွင်
Jimin ထိုင်နေသည် ။ ညနေခင်း၏ အလှကို
Jiminက နှစ်ချို့ ဝိုင်နီနီတို့ဖြင့် ခံစားနေသည်။
ရှေးမနှောင်းပင် ခပ်သင်းသင်း ကိုယ်သင်းနံ့နဲ့
အတူ သူ့ဘေးကို ရောက်လာသည့် Jeon ။

ရေချိုးပြီးကာစမို့ ရေစက်လေးတွေသည်
တစ်ကွက် တစ်ကွက်စီ တွဲလွဲခိုလျက် ။
" နည်းနည်းလောက် မတိုက်ချင်ဘူးလား "

Jiminက ခွက်ထဲက လက်ကျန်ဝိုင်ကို
ဖြတ်လိုက်ပြီး အသစ်ထပ်ထည့်ပြီး
Jeonကိုပေးသည် ။ သို့သော် Jeonသည်
ဝိုင်ခွက်ကို ဘေးချလိုက်ပြီး Jimin၏
နှုတ်ခမ်းတို့ကို နမ်းရှိုက်လိုက်သည် ။
နှုတ်ခမ်းလွှာကြားမှာ ဝိုင်တချို့ကို
စုပ်ယူလိုက်ရင်း အနမ်းတို့သည် ယစ်မူးခြင်း
အတိ ။

" ကျုပ်သောက်ချင်တဲ့ ဝိုင်က အဲ့လိုမျိုး "
နှုတ်ခမ်းထောင့်က ဝိုင်စ တချို့ကို
လျှာဖြင့်သပ်ရင်း မောင့်ကို သူပြောသည့်အခါ
မောင်သည်ရီဝေဝေ စိုက်ကြည့်နေသည် ။ အနားကို တိုးလာရင်း မောင်သည်
အနမ်းတွေကို ထပ်ဆက်တော့
Jeonသည် ညခင်းမှာ မိန်းမောလျက် ။

" Jeon "

" မောင် "
တပြိုင်နက် ထွက်လာသည့် ခေါ်သံနှစ်ခု ။

" မောင်​ ပြောပါ "
မောင်က အဝေးတစ်နေရာကို လှမ်းငေးသည်။

" Jeon မောင်ပြောတာကို သေချာနားထောင်"

" Jeon မောင့်ကို ချစ်တယ်မလား..."
မောင့် အမေးက Jeonရင့်ကို သိမ့်ခနဲ
တုန်စေသည် ။

" ချစ်တယ်လေ..ဘာဖြစ်လို့လဲ မောင် "

" ဒါဆို သန်ဘက်ခါမှာ လုပ်မဲ့ လက်ထပ်ပွဲမှာ
Jeonရှိနေပေးမယ်မလား "

" မောင် ဘာပြောချင်တာ- "

" Jeon ချွဲဟာယွန်းနဲ့ လက်ထပ်ပွဲနေ့ကျရင်
Jeon ပွဲမတက်ဖို့ လုပ်ထားတာ မောင်
သိပါတယ်....ဒါပေမဲ့ Jeon သူမနဲ့
လက်ထပ်ကိုထပ်ရမယ် "

" မောင် ! အဲ့ဒါက ကျုပ်ဆုံးဖြတ်ချက်ပါ..
သူမကို လက်ထပ်ခြင်း လက်မထပ်ခြင်းက
မောင့်နဲ့မဆိုင်ဘူး..အဲ့ဒါကြောင့်......
မောင်က ကျုပ်ကို အတင်းအကြပ်
လက်ထပ်မခိုင်းနဲ့ "

Ashes Of Burning DesireWhere stories live. Discover now