Unicode
သူ ပြေးနေတယ်...
မောဟိုက်လွန်းလို့ တစ်ချက်နားဖို့ ကြံမိသော်
လည်း နောက်ပါးမှ ရဲကားသံတွေနဲ့ ရဲခွေးတို့၏ မာန်ဖီသံတွေကြောင့် သူ မရပ်မနား ဆက်ပြေးနေရသည် ။ဦးတည်ရာလည်း မရှိ ၊ အသံတွေနဲ့ ဝေးရာကို
ခြေကုန်ပြေးနေသည် ။ နောက်ဆုံး ခြေမခိုင်
တော့ပဲ လဲကျသွားသည် ။ ကျောပြင်အောက်က ကြမ်းရှရှ အထိအတွေ့က မြက်ခြောက်တွေ ဖြစ်မည် ။ ရဲတွေဆီက ယူပြေးလာသည့်
လက်ထိပ်သော့ကို တုန်ရီနေတဲ့ လက်တွေနဲ့
ကိုင်ကာ လက်ထိပ်ကို ဖြုတ်လိုက်သည် ။သူ ရောက်နေတာက သိုလှောင်ရုံလိုမျိုး
ဂိုထောင်ကြီး တစ်ခုထဲတွင် ဖြစ်သည် ။
သွေးတွေပေနေသော အဝတ်တွေကို
ချွတ်ချလိုက်ပြီး အနီးနားက လှမ်းထားတဲ့
ခပ်စုတ်စုတ်အဝတ်တွေကို ယူဝတ်လိုက်သည်။အနည် အနည်းငယ်ထိုင်နေတဲ့ ရေတစ်ပုံးထဲက ရေဖြင့် လက်က သွေးတွေကို ဆေးချ
လိုက်သည် ။ နောက်တော့ သူ့အင်္ကျီထဲကနေ
ဖုန်းကို ရှာတော့ မရှိတော့ ။ ဒီတော့ ကျန်သည့် ကတ်နှစ်ကတ်ရယ် ၊ ပါလာသည့် ငွေသား
အနည်းငယ်ရယ်ကို ယူပြီး အပြင်ကို အရိပ်အခြည် ကြည့်လိုက်သည် ။ရဲတွေက တခြားတဖက်မှာမို့ သူ မှောင်ရိပ်
ခိုကာ အပြင်ကို ပြေးထွက်သွားတော့သည် ။
သိပ်မကြာလိုက်ပါ ၊ ကြီးမားသည့် ခွေးတစ်ကောင်နှင့် ရဲတစ်ယောက်သည် သိုလှောင်ရုံ
ထဲကို ရောက်ရှိလာသည် ။ ခွေးသည်
သွေးပေးနေသည့် အဝတ်တို့ကို ဆွဲကာ
ထုတ်လာသည် ။" တရားခံလွတ်သွားတယ် JeonJungKookကို မနက်ဖြန် ဝရမ်းထုတ်လိုက်တော့ "
JungKookသည် ချောင်ကျသည့် နေရာ
တစ်ခုတွင် ခေတ္တထိုင်ချလိုက််သည် ။
မောပန်းလွန်းရုံသာမက အလွန်အမင်းလည်း
ဆာလောင်နေသည် ။ အနီးမှာ စတိုးလေး
တစ်ခုတွေ့သည်မို့ ကောင်းနိုးကောင်းရာ
မုန့်တချို့ကို ဝယ်လိုက်သည် ။ခပ်စုတ်စုတ် အဝတ်တွေနဲ့မို့ စတိုးဆိုင်က
လူက နှာခေါင်းရှုံ့နေသည် ။ ဒါကြောင့်
သူလည်း စတိုးတွင် အင်္ကျီအပို ရှိမရှိ
မေးလိုက်သည် ။ နောက် အနက်ရောင်
ဦးထုပ်တစ်လုံး ၊ Mask ၊ တီရှပ်နဲ့ Slipper တစ်ရံကို ဝယ်လိုက်သည် ။

YOU ARE READING
Ashes Of Burning Desire
Fiksi PenggemarP.J.M × J.J.K Desire is the ficere inferno that will burn you down, leaving nothing but ashes and ruins.