Unicode
လွန်ခဲ့သည့် တစ်နှစ်ခန့်...
" အမေ..."
" Jiminလေး...မတွေ့ရတာတောင် ကြာပြီ
သားရယ်..အိမ်လည်း မလာဘူး..သပ်သပ်
ခွဲနေတာ အဆင်ရောပြေရဲ့လား.."" ပြေပါတယ်..အိမ် မလာဖြစ်တာက
ကိစ္စလေး တချို့ကြောင့်ပါ "" ဘာ ကိစ္စဖြစ်နေတာလဲ သား "
" ဂျွန် ဟွာ အင်း.."
ယူဆိုရာ ၏ မျက်နှာသည် ပြုံးနေရာမှ
တည်သွားခဲ့သည် ။" အဲ့နာမည်ကို သိတယ်မလား...အခု
Jeon Groupရဲ့ ကတော်လေ...
ဂျွန်မင်ဂျွန်းရဲ့ မိန်းမလေ "" သိတယ် ! "
သူမသည် မျက်ရည်များ ဝေ့သီနေသည် ။" သူမ အမေ့ကို တစ်ခုခုလုပ်ခဲ့တယ်မလား!
ကျွန်တော် သိတယ်.."" လုပ်ခဲ့တာတွေ အများကြီးပါ..
ငါ့ဘဝ တလျှောက်လုံး ခေါင်းမထောင်နိုင်
အောင် လုပ်ခဲ့တာ "" လက်စား မချေချင်ဘူးလား.."
" ဟင့်အင်း..မုန်းစတွေကို ဒီဘဝတင်ပဲ
ဖြတ်လိုက်တော့မယ် သား.."" ဘာလုပ်ခဲ့လဲ..သူ အမေ့ကို.."
" မသိချင်ပါနဲ့ ပြီးပြီးသားတွေပဲ..."
" အမေ့ကို လုပ်ခဲ့တာတွေကို ပြီးပြီးသား
ဆိုပြီး ထားလိုက်တော့မှာလား.!!မျက်လုံး
တစ်လုံး အတွက် မျက်လုံးတစ်လုံးပဲလေ.."" တော်ပါပြီ Jiminရယ်..သူလည်း
သူ့ဘဝနဲ့သူ ပြေနေပြီပဲ..အမေ့ကိုလည်း
ဘာမှ မလုပ်တော့ဘူးလေ "" ကောင်းပါပြီ..အမေ မလုပ်လည်း
လုပ်နိုင်တဲ့သူ လုပ်ရမှာပေါ့.."" အမုန်းစတွေကို ပြန်မဖော်ချင်ပါနဲ့..
Jiminရယ်..."
ထွက်သွားပြီ ဖြစ်တဲ့ Jiminကတော့
ထိုစကားကို မကြားနိုင်တော့ ။Jiminသည် အရင် အိမ်အဟောင်းကို
ပြန်သွားခဲ့ရာမှ သူ့အမေ၏ အခန်းတွင်းဆီမှ
ဟောင်းနွမ်းနွမ်း ဒိုင်ယာရီ တစ်ခုကို ရှာတွေ့
ခဲ့သည် ။ဒိုင်ယာရီ စာမျက်နှာတိုင်းမှာ ဂျွန်ဟွာအင်း၏
ယုတ်မာမှုတွေကြောင့် သူမ မည်မျှနာကျင်
ခဲ့ရကြောင်းတွေ ရေးထားသည် ။
ကြည့်ရတာ သူ့အမေက ဂျွန်ဟွာအင်းကို
တွန်းလှန်ခဲ့သည့် ပုံမပေါ် ။ ဘယ်လောက်ထိ
ဆိုးဝါးဝါးတွေ ဖြစ်ခဲ့သလဲ ။

YOU ARE READING
Ashes Of Burning Desire
FanfictionP.J.M × J.J.K Desire is the ficere inferno that will burn you down, leaving nothing but ashes and ruins.