5

1.1K 113 12
                                        

Unicode

" မောင့် Jeon မျက်နှာလေး နွမ်းနေတယ်
ဘာဖြစ်လို့လဲ "

" ချွဲဟာယွန်းနဲ့ တွေ့လာတာ "
လေပူတချို့ကို မှုတ်ထုတ်ရင်း Jeon
သည် အပေါ်ကုတ်ကို စိတ်မပါသလို
ချွတ်ချသည် ။

" အဆင်​ပြေခဲ့လား "
မျက်ခုံးပင့်ကာမေးသည့် မောင့် အမေး ။

" အဆင်ပြေမယ်လို့ မောင်ထင်တယ်ပေါ့ "

" ဒါပေါ့..ကိုယ့် Jeonက လိမ္မာတယ်လေ "

" အချစ်နဲ့ ပတ်သက်ရင်တော့ ဆိုးတာ
မောင် မသိသေးဘူးထင် "

" ဟုတ်လား ဘယ်လောက်ဆိုးလဲ
ကြည့်ရအောင် "

မထိတထိ အနမ်းလေးတွေ Jeonမျက်နှာ
ထက် ကြဲချတော့ Jeonက ခိုးခိုးခစ်ခစ်
ရယ်သည် ။

ထိုအချိန် ဖြတ်ဝင်လာသည့် ဖုန်းသံ
ကျယ်ကျယ် ။
" အော် အမေပဲ..."

* Hello *

* နင် ကောင်းကောင်းတွေ့ခဲ့မယ်လို့
ငါ မျှော်လင့်တယ် *

* ကျေနပ်အောင် တွေ့ခဲ့ပေးတယ်..
အဲ့ဒါကြောင့် ထပ်ပြီး ဖိအားတွေ မပေးနဲ့တော့*

* မင်္ဂလာရက် ရွေးရမယ် *

* အမေ !! *

* အပိုတွေ လုပ်မနေပဲ..နင် အခု ချက်ချင်း
ဟို့အကောင့်တိုက်ခန်းကနေ ထွက်လာခဲ့ ! *

* ကျုပ်ကိုစောင့်ကြည့်နေတာလား အမေ *

* အေး..အခုချိန်က နင် ခြေတလှမ်းတောင်
မှားလို့ မရတဲ့ အခြေအနေပဲ *

ဖုန်းလိုင်းသည် တိကနဲ ပြတ်ကြသွားသည်။
" ကျုပ်ကို ခေါ်နေတယ် မောင် "

" မောင် လိုက်ပို့ပေးရမလား "
Jeonမျက်ဝန်းတွေသည် အနည်းငယ်
စူးရဲသွားသည် ။ နှလုံးသားမှာလည်း
အောင့်သက်သက် ။

" မောင် !! မောင် ဘာဖြစ်လို့ ကျုပ်ကို
နည်းနည်းမှ မဆွဲထားတာလဲ..ချစ်ကြည့်
မယ်ဆို..! ချစ်ကြည့်မယ်ဆိုပြီး ဘာလို့
သူများလက်ထဲကို အလွယ်တကူ
ထည့်ပေးနေရတာလဲ..! "

Jiminသည် သက်ပြင်းချသည် ။
မျက်လုံး နည်းနည်း ကစားလိုက်ရင်း
နောက်ဆုံး Jeonဆီမှာ ကျောက်ချသည်။

" ကြည့်ရတာ..မောင် ဆက်လိမ်ထားလို့
မရတော့ဘူး ထင်ပါတယ်.."

" ဘာပြောတာလဲ..?မောင် !! မောင်
ဘာ ပြောချင်နေတာလဲ.."

Ashes Of Burning DesireWhere stories live. Discover now