Unicode
ပြိုင်ကား အဝါလေးကို ထိုးရပ်လိုက်တာ
ထွေထွေထူးထူးနေရာတော့ မဟုတ် ။
ပုစွန်ဆီရောင် ဖြာကျနေတဲ့ ကောင်းကင်နဲ့
ဆက်စပ်နေတဲ့ မြစ်ကမ်းနံဘေး ။
မင်္ဂလာပွဲကနေ ထွက်လာပြီးကတည်းက
စိတ်လွတ်လက်လွတ် တစ်နေကုန်
ဦးတည်ရာမဲ့ Jeonဟာ ကားကို မောင်းနေ
ခဲ့သည် ။" ညောင်းသွားပြီလား "
ဘေးမှ မပွင့်တပွင့်အပြုံးလေးနဲ့ဆိုလာတာက
တစ်လမ်းလုံး ဆိတ်နေသည့် မောင် ။" မဟုတ်ပါဘူး..ဒီတိုင်း ကားထဲမှာ မွန်းကြပ်
လာတော့.."မောင်ရော Jeonရော ကားအပြင်ကို
ထွက်လိုက်ကြသည် ။လေနုနုက ခပ်နွေးနွေး။
ရေပြင်ပေါ်က တလှပ်လှပ် လှိုင်းတွန့်လေး
တွေမှာ နိမ့်ဝင်လာတဲ့ နေရောင်က ဟပ်ထင်
နေသည် ။"...ပျော်စရာကြီး..."
Jeonက မျက်လုံးလေးတွေမှိတ်ရင်း
လတ်လတ်ဆတ်ဆတ်လေကို ရှူသွင်းကာ
ဆိုသည် ။" သဘောတွေကျနေတယ်ပေါ့ "
မောင်က အနီးအနားက ကျောက်ခဲလုံးလေး
တွေကို ဟိုကန်ဒီကန်ရင်းဖြင့် Jeonကို
ပြောသည် ။" ကျုပ်ကို လက်မလွှတ်ပေးလို့ ကျေးဇူးပါ "
Jeonဟာ မောင့်မျက်ဝန်းတွေကို ငေးကြည့်
ရင်း ငိုသံစွက်စွက်ဖြင့် ပြောရှာသည် ။
အိုင်ထွန်းနေတဲ့ မျက်ရည်တွေက ကြည်နူးမှု
ကြောင့်ပင် ။မောင်ဟာ ရေးရေးလေးပြုံးရင်း စိမ်းနုနု
မြက်ခင်းပေါ်ကို ထိုင်ချလိုက်သည် ။
နောက်တော့ အိတ်ကပ်ထဲကနေ စီးကရက်
တစ်လိပ်ထုတ်ပြီး မီးညှိနေသည် ။စီးကရက်ငွေ့တွေ့ကို ခပ်ပြင်းပြင်းမှုတ်ထုတ်ရင်း မောင်ဟာ ရှေ့က မြင်ကွင်းကို ငေးကြည့်
နေသည် ။" ငါလည်း ပျော်တယ်...ဒီလို မပျော်ရတာ
ကြာပြီ "
မောင်ဟာ သူမမြင်ဖူးတဲ့ပုံစံမျိုးနဲ့ ပြောလာ
သည် ။" မောင်....."
မောင့်လက်ထဲကို ထည့်ပေးလိုက်တဲ့
အသံဖမ်းစက်လေး ။" ဒါနဲ့ဆို မောင့်အတွက် လုံလုံလောက်လောက်
သက်သေရပြီထင်တယ် "Jimin ဖွင့်နားထောင်ကြည့်တော့
မင်္ဂလာပွဲမှာ ဂျွန်ဟွာအင်းနဲ့ Jeonနဲ့
ပြဿနာဖြစ်နေသည့် အသံများဖြစ်သည် ။

YOU ARE READING
Ashes Of Burning Desire
FanfictionP.J.M × J.J.K Desire is the ficere inferno that will burn you down, leaving nothing but ashes and ruins.