Unicode
" Jeonကို ဘာလို့ ပေးသွားလိုက်တာလဲ !! "
အိမ်ကို ပြန်ရောက်ချင်းချင်း Jeonကို
မတွေ့တာနဲ့ Jeonအိမ်တော်ကို ပြန်သွားမှန်း
သိလိုက်သည့် တစ်ခဏ Jimin
သူ့အမေ့ကို သောင်းကျန်းတော့သည် ။" အမေလည်း တားမရလို့ပါ သားရယ် "
" သူ နေမှ မကောင်းသေးတာလေ ! "
" သူ့အိမ်ကို ပြန်တာမို့ စိတ်ပူစရာမရှိ- "
" သူ့ အိမ်မို့လို့ကို ပိုစိတ်ပူနေတာ..!!
ဂျွန်ဟွာအင်းက ဘယ်လောက် ဆိုးရွားပြီး
ယုတ်မာတတ်တယ်ဆိုတာ အမေ အသိဆုံးပါ"" အမေက.."
Jiminသည် သူ့အမေကို စကားဆက်ပြော
ချင်စိတ်မရှိတော့ဘဲ အိတ်ကပ်ထဲက
ဖုန်းကိုထုတ်ပြီး Jeonကို ဆက်လိုက်သည် ။" မောင်-"
" ဘာလို့ ငါ့စကားနားမထောင်တာလဲ ! "
" တောင်းပန်ပါတယ်..ကျုပ်က- "
" ထားလိုက်..အခု မင်း အိမ်မှာပဲလား.."
" မဟုတ်ဘူး..လမ်း- "
" ဘယ်ကို သွားနေတာလဲ "
" ချွဲဟာယွန်း- "
" ဘာလုပ်ဖို့ သွားတာလဲ !! "
" မောင် !! ကျုပ်ကို စကားဆုံးအောင်
ပေးပြောပါအုန်း "
ဖုန်းထဲမှ ကြားလိုက်ရသည့် ဆူအောင့်အောင့်
အသံကြောင့် Jiminသည် ရယ်လိုက်မိသည်။" ဘာရယ်တာလဲ..."
အသံသည် လုံးဝ ဆူပုတ်နေပြီး အတော်လည်း
ချစ်စရာ ကောင်းနေသည် ။" ဘာမှ မဟုတ်ဘူး....ဘာလို့ ချွဲဟာယွန်းဆီ
သွားနေတာလဲ "" အမေနဲ့ အခုပဲ စကားပြောပြီးတယ်...
ကျုပ်တို့ကြား ဘာမှ ဝင်မစွက်ဖက်တော့
ဘူးတဲ့..အဲ့ဒါကြောင့် ချွဲဟာယွန်းကိုတော့
မင်္ဂလာပွဲကိစ္စနဲ့ ပတ်သက်ပြီး တောင်းပန်
လိုက်ပါတဲ့.."" တောင်းပန်ရအောင် မင်း ဘာမှ မမှားခဲ့
ဘူးလေ "" ထားလိုက်ပါ...မောင်နဲ့ အဆင်ပြေပြေ
နေရမဲ့ဘဝကို တွေးကြည့်လိုက်ရင်
ဒီ တောင်းပန်ရမှာက ဘာမှ မဟုတ်ဘူး "" ...... "
" ကျုပ် ပြန်လာခါနီးကျ ဖုန်းဆက်မယ်နော်.."

YOU ARE READING
Ashes Of Burning Desire
ФанфикP.J.M × J.J.K Desire is the ficere inferno that will burn you down, leaving nothing but ashes and ruins.