2

1.8K 169 23
                                        

Unicode

မောင်က အဆိပ်..
အဆိပ်တောင်မှ ခပ်ပြင်းပြင်း အဆိပ်ရည် ။
နှလုံးသားတစ်ခုလုံး ကြေမွသွားတဲ့အထိ
တိုက်စားနိုင်တဲ့ အဆိပ်ရည်ဆိုသော်ငြား
သူကတော့ ဝိုင်တွေနဲ့တောင် စပ်သောက်လိုက်ချင်ပါသေးသည် ။

သူက အပူတပြင်းပြင်း လောင်မြိုက်နေတဲ့
မီးတောက်တွေ ဝါးမြိုတာကိုမှ ခံချင်တဲ့
ခပ်ရဲရဲ နှင်းဆီတစ်ပွင့် ။ မောင့် လက်ဖျားလေးနှင့် တောက်ချလိုက်တဲ့အခါ လွင့်ကျသွားတဲ့ ပြာစတွေက သူ ။

မောင်ဟာ ပြောလိုက်တိုင်း ခွဲခွာဖို့
မပတ်သက်ဖို့ချည်း ။ ဖြစ်စရာလား..
သူက လက်လွှတ်စရာလား ။
သို့သော် မောင်ရဲ့ အက်ကွဲနေတဲ့ အသံတွေက
စိတ်ထဲမှာ အကြိမ်ကြိမ် ပဲ့တင်ရိုက်နေလျက်။
" ကျေးဇူးပြုပြီး " တဲ့..တခါမှ မကြားဖူးခဲ့သော အသုံးအနှုန်း ။

ဘာကြောင့် အခုလောက်ထိ ကြိုးစားနေတာလဲ မောင် ။ သူ့လို လူကို ဘာကြောင့် မောင်က
မမက်မောတာလဲ ။ သူ့ လိုအပ်ချက်က
ဘာများလဲ မောင်ရယ် ။

------

" ကျုပ် မွေးနေ့ကျ အိမ်တော်ကို လာမှာလား"

" မလာဘူး..ငါ့ အမေနဲ့ သူ့ယောကျ်ားလာလိမ့်မယ် "

" ဘာလို့ မလာတာလဲ "

" မလာချင်လို့ပေါ့..ရှုပ်ရှုပ်ယှက်ယှက်တွေ "

" ကျုပ်မွေးနေ့လေ ဗျာ "

" အဲ့တာ ငါက ဘာလုပ်ပေးရမှာလဲ "
JungKookအောက်နှုတ်ခမ်းကို ဖိကိုက်လိုက်သည် ။ သူက မောင့်အတွက် နည်းနည်းလေးမှ အရေးမပါဘူး ။

" အဲ့နေ့ကျ အိမ်မှာပဲ ရှိမှာမလား "

" မပြောတတ်ဘူး..ရှိချင်လည်း ရှိမှာပေါ့ "
စကားတွေက တစ်ခုမှ လိုချင်တဲ့အဖြေ
ထွက်မလာ ။ စိတ်ရှိတိုင်းဆို သူ တစ်ခုခု
လုပ်မိမှာ အသေအချာပဲ ။

လက်ရှိမှာ အင်အားအကြီးဆုံးအဖြစ်
ဦးဆောင်နေတဲ့ လုပ်ငန်းစုရဲ့ ဆက်ခံသူမို့
သူဟာ မာနတွေ ခေါင်ခိုက်ပါသည် ။
သို့သော်ငြား မောင့်အတွက်ဆို သူ
ဒူးထောက်ပေးခဲ့တာချည်း ။ အဲ့ဒါကိုတောင်
မောင်က ဘာလို့ သူ့ကို အဖျက်ပိုးမွှားလို
ခွာချချင်နေရတာလဲ ။

Ashes Of Burning DesireWhere stories live. Discover now