Unicode
ဂျွန်မင်ဂျွန်းက အမှန်တော့ Jeonသခင်ကြီးရဲ့
သားဦး မဟုတ်ခဲ့ဘူး ။ သူ့အထက်မှာ
ဂျွန်မီယွန်းဆိုတဲ့ သူနှင့် သုံးနှစ်ပဲကွာတဲ့
အစ်မတစ်ယောက် ရှိခဲ့တယ် ။ သားကိုသာ
လိုချင်ကြတဲ့ Jeonအိမ်တော်က ဂျွန်မီယွန်းကို ဂရုမစိုက်ခဲ့ကြဘူး ။ တစ်နေ့ ဂျွန်မီယွန်းက
သူမရဲ့ ကောင်လေးနဲ့ ခိုးရာလိုက်ပြေးသွားချိန်မှာ Jeonအိမ်တော်က တုန့်ဆိုင်းခြင်း
မရှိပဲ သူမကို အမွေဖြတ်စွန့်လွှတ်ခဲ့တယ် ။
Jeonမျိုးနွယ်ထဲကနေ ဖျောက်ဖျက်ခဲ့တယ် ။တစ်နေ့တော့ သူမအမျိုးသားက မွေးကင်းစ
ကလေးတစ်ယောက်နဲ့ Jeonအိမ်တော်ဆီ
ရောက်လာခဲ့တယ် ။ ဂျွန်မီယွန်းဟာ
မီးတွင်းထဲတွင် ဆုံးသွားတဲ့အပြင် သူသည်လည်း နောက်အိမ်ထောင် ပြုတော့မှာမို့ ကလေးကို ပြန်လာအပ်တာ ။ အနည်းဆုံးတော့ ကလေးက Jeonသွေးပဲလေ။ ဒါကြောင့် ပြန်လက်ခံခဲ့ကြတယ် ။ အဲ့ဒီကတည်းကစလို့ ကလေးရဲ့ အဖေကိုပြန်ရှာမတွေ့တော့ဘူး ။ဂျွန်ဟွာအင်းကလည်း သားအိမ်ကင်ဆာ
ဖြစ်နိုင်တဲ့ အသားစ တွေ့သောကြောင့် သားအိမ်တစ်ခုလုံးကို ဖြတ်ထုတ်ထား
ရသည်။ ထို့ကြောင့်ပင် ဒီ Jeonလေးသည်
သူမ Jeon Groupကို ရရှိနိုင်မည့် အသုံးချခံ
လေးဖြစ်လာသည် ။သေချာပေါက်ပေါ့..ဒီကလေးကို သူမ
မချစ်ခဲ့ပါ ။ သူမရဲ့ သွေးသားမှ မဟုတ်ခဲ့တာ။ သူမ လိုသလို ပုံသွင်းပြီး အသုံးချဖို့
အတွက်သာ ပျိုးထောင်ခဲ့တာ ဖြစ်တယ် ။
ဒါပေါ့..ဒီကလေးက JeonJungKookပဲ ။×
JungKookတစ်ယောက် မျက်နှာကြက်ကို
ငေးစိုက်နေမိတာ အချိန်အတော်ပင်
လင့်နေပြီ ။ သူ သိလိုက်ရတဲ့ အမှန်တရား
တွေက သူ့ကို ရှင်သန်ချင်စိတ်ပျောက်အောင်
လုပ်နေသည် ။ဒါ့အပြင် ဂျွန်ဟွာအင်းနဲ့ ချွဲဟာယွန်းတို့
ပေါင်းပြီး သူ့ကိုရှေ့နေငှားမရအောင်
လုပ်ထားကြသည်။ ကြည့်ရတာ သူ့ကို
ထောင်ထဲ မရရအောင် ထည့်မဲ့ ပုံစံ ။" သေချာပေါက် သွေးကြွေးပြန်ဆပ်ရမယ်! "
လက်စားချေဖို့အတွက် အားနာနေစရာ
မလိုတော့၊ ချွဲဟာယွန်းရော ဂျွန်ဟွာအင်းရောက သူနဲ့ ဘာမှ မသက်ဆိုင်တော့ဘူးလေ။

YOU ARE READING
Ashes Of Burning Desire
Fiksi PenggemarP.J.M × J.J.K Desire is the ficere inferno that will burn you down, leaving nothing but ashes and ruins.