intro

15.9K 418 86
                                    

unicode

ဆိုးလ်မြို့ကားလမ်းတစ်လျှောက် သူတစ်စီးထဲ မောင်းနှင်နေသည့်အတိုင်း တစ်လမ်းထဲတသတ်မတ်ထဲ မသွားပဲ ဟိုလမ်းဒီလမ်း ကူးပြောင်းကာ အရှိန်တင်မောင်းလာသည့် လူတစ်ဦး။

ကားစီရင်ယာလက်ကိုင်ပေါ် လက်တစ်ဖက်သာ တင်ထားသည်။ လက်သွယ်သွယ်လေးတွေ လှုပ်ရှားသွားတိုင်း ဟိုရွေ့ဒီရွေ့ပြေးလွှားနေသည့်ကားကြောင့် ဘေးက ကားသမားများ ဟွန်းတစ်ချက်တီးတိုင်း မှဲ့နက်လေးတစ်လုံးရှိသည့် နှုတ်ခမ်းပါးက ကော့ညွှတ်ကာပြုံးသည်။

ပီကေကို တစ်ဖောက်ဖောက်လုပ်ရင်း လက်တစ်ဖက်က ဆံပင်ကိုသပ်တင်သည့်အခါ မြင်ရသည်က စူးရှသည့်မျက်ဝန်းတစ်စုံ...။

မျက်ခမ်းစက်တစ်ဖက်မှာ မှဲ့နက်လေးတစ်လုံးနှင့် ထင်ရှားသည့် နှာခေါင်းထိပ်က မှဲ့လေးတစ်လုံးဟာ လိုက်ဖက်စွာတည်ရှိသည်။

မိုးမျှော်အဆောက်အအုံရှေ့ရောက်သည်နှင့် အရှိန်ကုန် မောင်းနှင်လာသည့် ကားကိုဘရိတ်အုပ်ကာ စက်သတ်လိုက်သည်။

ကားတံခါးလာဖွင့်ပေးမှ ဆင်းလာသည့် ပြောင်လက်နေသည့် shoes ဖိနပ်နှင့် ခြေထောက်တစ်စုံက မြေပြင်ပေါ် ကြွကြွရွရွပင်ခြေချလာသည်။

တံခါးဖွင့်ပေးသည့် လူအားမျက်ခုံးပင့်ကြည့်လိုက်ပြီး လက်ထဲက remove ကိုပစ်ပေးလိုက်ကာ

သူမောင်းနှင်လာသည့် Mercedes-benz SUV G-class G63 အမျိုးအစားကို မျက်စပစ်ပြကာ

'' ငါ့ကလေးကို ပါကင်ထိုးပေးထား။
ပွန်းပဲ့ရာ တစ်ခုလောက်တွေ့ရင်....ဟမ့်''

ခပ်သြသြအသံနှင့်အတူ လည်ပင်းကို ဖြတ်ပြသလို ခေါင်းစောင်းပြရင်း ပီကေတစ်ဖောက်ဖောက်အသံပေးကာ ဝင်သွားတော့သည်။

​ဆူညံလွန်းသည့် DJ သံကြောင့် မျက်မှောင်ကျုံ့လိုက်ပြီး မလုံတလုံဝတ်ဆင်ထားသည့် မိန်းကလေးတွေဆီသာ အကြည့်ပို့လိုက်သည်။

ထိုမိန်းကလေးကြားမှ ဝိတ်တာဝတ်စုံနှင့် ကောင်လေးတစ်ယောက်...။

လူအုပ်ကြားထဲ တစ်ယောက်ထဲ ခေါင်းငိုက်စိုက်ကျကာ အရှေ့ကလူက ခွက်တချို့နဲ့ကောက်ပေါက်နေသည်။

The Partner(Completed) Where stories live. Discover now