24

2.8K 146 15
                                    

Unicode

''ဘာလို့လိုက်လာတာလဲ ''

''ပါတနာဆိုတာဘယ်နေရာဖြစ်ဖြစ်အတူတူရှိနေရမှာပေါ့''

jungkookက သဘောတကျပြုံးနေပေမယ့် taehyungကတော့ မပြုံးနိုင်...။

ဒီကောင်လေးကဒီလိုနေရာကို ရောက်ဖို့အတွက်ဘာမှမလုပ်ခဲ့ဖူးတဲ့သူ။အခုတော့ ကျွန်တော့်အတွက်ကြောင့်နဲ့...။

''အရူးလားဟမ်''

ပြောရင်း taehyung အသံတွေတိမ်ဝင်လာရ၏

''ကိုကိုနဲ့မခွဲနိုင်လို့ပါဗျာ''

''မင်းကတော့''

''စိတ်မကောင်းမဖြစ်နဲ့ ကျွန်တော်ကပျော်နေတာ ''

ရင်ခွင်ထဲနစ်နေအောင်ပွေ့ဖက်ပေးထားပြီး ဆံဆလေးတွေကိုနမ်းရှိုက်ရင်း နှစ်သိမ့်ပေး၏

''ဘာလို့ပျော်လဲ''

''ကိုကိုရှိတဲ့အရပ်မှာနေရတာလောက်ပျော်စရာကောင်းတဲ့နေရာဆိုတာရှိအုံးမလား''

ပိုပိုသာသာပြောလာသည့်စကားကြောင့် taehyungစိတ်မကောင်းဖြစ်စိတ်မှာ ပျောက်သွားရပြီး ပြုံးလိုက်မိတော့သည်။

''စကားတွေကလေ ဘယ်ကသင်သင်လာသလဲပြောစမ်း''

''အချစ်စကားတွေဆိုတာကသင်ဖို့မလိုဘူး ။ခံစားမှုအပေါ်လိုက်ပြီးပုံဖော်ပြောရုံပဲ ကိုကိုရ''

ရင်ဘတ်ပေါ်လက်တင်ပြီး ကဗျာဆရာသဖွယ်ပြောနေတော့ taehyungခေါင်းသာခါမိတော့၏

ဒီလိုကောင်လေးကိုချစ်သူတော်ထားရတာလည်း ပျော်ရွှင်မှုလေးပါရယ်...။

''ရောက်နေတဲ့နေရာနဲ့ ပြောနေတဲ့စကားနဲ့ကတော့ လိုက်ဖက်နေပြိီ''

''ဘယ်လောက်ချစ်ချစ်ဘယ်သူမှကျွန်တော်တို့လိုအတွဲလိုက်မဝင်နိုင်ပါဘူး ။''

''မင်းကအရူးကိုး''

''အချစ်ရူးလေး''

နှစ်ယောက်လုံး ရောက်နေသည့်နေရာကိုမေ့ကာ အသံထွက်သည်အထိ ရယ်မောမိလိုက်ကြသည်။

ဧည့်တွေ့လာသည့် jackမှာတော့ အချုပ်ထဲထိ တစ်တီတူးနိုင်သည့်အတွဲကြောင့် စိတ်လေသွားမိသည်။

The Partner(Completed) Where stories live. Discover now