14

4K 208 46
                                    

Unicode

အချိန်အတူတူမှာ ဇာတ်တိုက်စရာမလိုအောင် ကွတ်တိပွင့်ဟလာသော မျက်ဝန်းနှစ်စုံ။

တစ်ကုတင်ထဲအတူအိပ်ကာ အခါပေါင်းမနည်းအောင်နှီးနှောမှုတွေရှိခဲ့လည်း အဲဒီ့လူရဲ့မျက်ဝန်းတွေနှင့် အခုအချိန်ထိရင်မဆိုင်ရဲ...။

Kim Taehyung ကလူတင်မဟုတ် အကြည့်တွေကအစ စွဲလမ်းစေတတ်၏ ။

စိုက်ကြည့်နေရင်းမှ ပူနွေးနွေးအထိအတွေ့တစ်ခုက မျက်ခွံပေါ်မှစကာ နှုတ်ခမ်းသားတွေအပေါ် အဆုံးသတ်သည်။

မျက်နှာတပြင်လုံးနေရာမလပ် အနမ်းများခြွေသူက အံ့သြနေသည့် jungkookကိုကြည့်ကာ အသံတိတ်ရယ်မောပြီးနောက် အိပ်ရာပေါ်မှထသွား၏

ရေချိုးခန်းဘက်ဝင်တော့မည့် taehyung လက်ကိုလှမ်းဆွဲကာ

''ကျွန်တော်တို့ကအခုဘာလဲ''

kim taehyungက ကျွန်တော့်ကို ကြည့်ရင်း ပြုံးတုံ့တုံ့ပါပဲ...

''မင်း​က ကိုယ့်ရဲ့ပါတနာလေ''

''ဟမ်...အဲ့ဒါပဲလား''

ဒါပဲလေဆိုသည့်သဘောဖြင့် မျက်လုံးပင့်ကာ မသိချင်ယောင်ဆောင်နေပြန်သည်။

အိပ်ချင်ယောင်ဆောင်နေမှတော့လည်း နှိုးပေးရမှာပေါ့...။

အကြံတစ်ပိဿာလောက်ပြည့်နက်နေသည့်အပြုံးကြီးပြုံးကာ Kim Taehyung ပါးနှစ်ဖက်အားဆုပ်ကိုင်ကာ မျက်နှာနှစ်ခုကို ထိကပ်လုနီးပါးဆွဲကပ်လိုက်၏

''ကျွန်တော်ခင်ဗျားကိုဖွင့်ပြောထားတယ်လေ''

''အဲဒိီတော့ ဘာ​ပြောင်းလဲသွားတာရှိသလဲ''

''ဟင်...ချစ်သူ? ရည်းစား? ဒါမျိုးဖြစ်သွားရမှာမဟုတ်ဘူးလား''

''အာ...မင်းနဲ့ကိုယ်က အဲ့ထက်ပိုတဲ့အဆင့်တွေထိကျော်ထားပြီသားလေ''

''မတူဘူးလေ...အဲဒါက ဒီလိုမချစ်လာခင်ထဲက လုပ်ခဲ့တာလေ''

''မတူဘူးလား''

''မတူပါဘူး...''

အပြိုင်ငြင်းနေသည့် Jeon Jungkookမှာ အဖြေတောင်းသည်နှင့်မတူပဲ လိုချင်​တာကိုပူ​ဆာနေသည့် ကလေးငယ်လေးနှင့်ပိုတူနေပါသေးသည်။

The Partner(Completed) Where stories live. Discover now