22

3K 180 27
                                    

Unicode

ဆေးရုံသုံးရက်တက်ပြီးနောက် taehyungအိမ်ကိုမပြန်တော့ပဲ jungkook apartment ကိုသာနှစ်ယောက်လုံးပြန်ခဲ့ကြ၏

အကြောင်းကတော့ ရှုပ်ပွနေသည်များနှင့်မရှင်းလင်းရသေးသည့် ကြမ်းပြင်ပေါ်ကသွေးစတွေကို taehyungအားမမြင်စေချင်တာမို့ ရှင်းလင်းပြီးမှ ပြန်နေကြမယ်ဟူသည့် jungkookအတွေးကြောင့်ပင်ဖြစ်ပါသည်။

''မောင်...''

''ဗျာ''

jungkook ထူးသည့်ပုံစံလေးကို taehyungမှာအသဲယားစွာပင် ခါးကိုပွေ့ဖက်လိုက်ရင်း

''ဟီး...သဘောကျတယ်ကွာ''

''အရမ်းကပ်နေရင် ခွာမရတော့မယ့်ဟာလုပ်မိတော့မယ်နော်''

ခပ်ညစ်ညစ်စကားကြောင့် taehyung မှာ လက်ကပတ်တီးကိုကြည့်ပြီး

''ချုပ်ရိုးကလက်မှာဆိုပေမယ့် မင်းကြမ်းတမ်းပုံနဲ့ မဖြစ်လောက်ပါဘူး''

''ဟုတ်တယ် နောက်မှ non-stop ပေါ့''

မျက်ခုံးပင့်ကာ ပြောနေပုံကိုက အကြံအစည်အပြည့်နဲ့ လူညစ်ရုပ်ပေါက်နေလေသည်။ ဒီကောင်လေးကို ကျွန်တော်တောင်လိုက်မမှီတော့ဘူး။

''ဖြည်းဖြည်းလုပ်သွားလည်းရပါတယ်။ ဘယ်နှယ့် လိင်မဆက်ဆံရရင် သေသွားတော့မယ်လူလိုပြောနေတယ်''

''စတာပါ''

''ငါသာလက်ခံရင် အတည်ဖြစ်သွားမှာကိုများ''

ထိုတော့မှ jungkookလည်း အသံပင်ထွက်အောင်ရယ်လိုက်ပြိီး သူ့အကျင့်သူထောက်ခံ၏ ။

ဒီလိုကျတော့လည်း ကလေးလေးနှင့်တူပြန်သည့်ကောင်လေး။

ကြည့်ရုံနှင့်မတင်းတိမ်နိုင်တော့  အမာရွတ်ခပ်ရေးရေးလေးပေါ်သို့ နှုတ်ခမ်းတံဆိပ်တုံးလေးဟာ ခပ်နှိပ်မိ၏

ဖြတ်ကနဲနမ်းပြီးခွာသွားသည့် taehyungကို jungkookက ပါးနှစ်ဖက်ပြန်ဆုပ်ကိုင်ရင်း နှုတ်ခမ်းကို ထိသည်ဆိုရုံထပ်ခါထပ်ခါ နမ်းတော့သည်။

နှုတ်ခမ်းတင်မဟုတ်ပဲ တစ်မျက်နှာလုံးလျှာနှင့်ယှက်နေသလိုခံစားရတာမို့ taehyungလည်း အခြေအနေပိုဆိုးမလာခင် ရုန်းထွက်လိုက်ကာ

The Partner(Completed) Where stories live. Discover now