Unicode
အလုပ်ကိစ္စမှန်သမျှ နှောက်ယှက်ခံနေရမှုများလာသည်ကြောင့် taehyungတစ်ယောက် ကုမ္ပဏီမှာရော ဂိုဏ်းအတွက်ပါ အာရုံများနေရသည်။
ကုမ္ပဏီနှက့်အခြားလူသိရှင်းကြားအလုပ်တွေ၏အခက်အခဲမှာမပြောပလောက်ပေမယ့် မှောင်ခိုစျေးကွက်တွင်တော့ ရဲများ၏လှုပ်ရှားမှုနှင့် အခြားဂိုဏ်းတချို့၏ သစ္စာဖောက်မှုများ ကြုံရသည်မှာ များလာခဲ့သည်။
ကုမ္ပဏီရောက်နေသည့်တိုင် စာရင်းဇယားတွေထဲ အာရုံမစိုက်နိုင်ပဲ လာမည့်စနေနေ့တွင် လဲလှယ်ရမည့် တရုတ်ပြည်နှင့်ကိစ္စကိုသာ အတွေးရောက်နေမိသည်။
ဒီတစ်ခေါက်ကိစ္စသည် အရင်အခေါက်များကဲ့သို့အလွဲခံလိုမဖြစ်သည့် အခြေအနေတွင်ရှိသည်။
တစ်ခုခုသာလွဲချော်ခဲ့လျှင် အသက်အန္တရာယ်အထိရန်ရှာနိုင်သည့် ဂိုဏ်းနှင့်ဆုံတွေရမှာဖြစ်သည်။
သောကများရသည့်အတွေးများအားလုံးကို သက်ပြင်းရှည်ရှည်ထဲ ခဏတာမျောလွင့်စေလိုက်ပြီး တစ်ခုခုစီစဥ်ဖို့သာ တွေးမိတော့သည်။
''အခုတလောအာရုံနောက်စရာတွေက များလိုက်တာ ။''
''ကျွန်တော်ဒီထက်ပိုစုံစမ်းပါ့မယ် သခင်လေး''
ကိုယ်ကစိတ်ပေါက်ပေါက်နှင့်ညည်းညူလိုက်တော့ jack ကိုယ်တိုင်လည်း မနေသာတော့
''ငါ့လိုလူကိုစိတ်အနှောက်အယှက်ပေးနိုင်တယ်ဆိုထဲက တော်ရုံထဲကမဟုတ်ဘူး။ သတိထားပြီးလှုပ်ရှား...''
''ဟုတ်ကဲ့ သခင်လေး''
jack ကအားကိုးရပေမယ့် ငယ်စဥ်ကတည်းကတတွဲတွဲရယ်မို့ အထိခိုက်တော့မရှိစေချင်ပါ။
''သခင်လေး''
''အင်း ''
''Jeon Jungkookကလေ''
''အင်း ဘာဖြစ်လို့လဲ။ရောက်လာလို့လား။''
taehyung က ပြောပြောဆိုဆိုနှင့် တံခါးဝကိုလည်း ကြည့်လိုက်သေးသည်။
ဤသည်ကိုကြည့်ကာ jack တစ်ယောက် ပြောရခက်ဟန်ဖြင့် တံတွေးအရင်မျိုချကာ
''ထူးဆန်းနေလို့ပါ''
''ဘာကလဲ''
မျက်မှောင်ကျုံ့လျက်မေးလာသည့် taehyungက ဒေါသဖြစ်ဟန်မတူပေမယ့် ဘဝင်မကျဟန်တော့ရောနေသည်။
YOU ARE READING
The Partner(Completed)
FanfictionWarning 🖤 Started date:February 14,2023. Ended date:July 26,2023.