Unicode
၃နှစ်ခန့်ကုန်ဆုံးပြီးနောက်....
အရာအားလုံးပုံမှန်ဖြစ်သွားချိန်တွင်တော့ အနှောက်အယှက်များစွာပျောက်ကွယ်သွားပြီး အဆင်ပြေပျော်ရွှင်ဖွယ် နေ့ရက်များကိုပိုင်ဆိုင်လာခဲ့သည်။
ထိုထဲတွင် ပြောင်းလဲခြင်ူများစွာရှိခဲ့သူမှာတော့ lee sunghanသာဖြစ်သည်။
ရဲအလုပ်မှထွက်ကာ အိမ်စီးပွားရေးဖြစ်သည့်စတိုးဆိုင်အားကူညီကာဦးစီးရင်း သာမန်ဘဝလေးထဲအေးဆေးစွာနေထိုင်နိုင်ခဲ့သည်။
မပြောင်းလဲသည်ကတော့ ကပြားကောင်လေးထံမှ ယခုထက်ထိ အကောင်းမြင်မခံရသေးခြင်းပင်။
ယခုလည်း ချိန်းသည့်နေရာအားရောက်လာပေးသည့် ကပြားကောင်လေးအား ဘယ်နကြိမ်မြောက်မှန်းမသိတော့သည့် ဖွင့်ပြောခြင်းကို အရင်အခေါက်များနှင့်မတူအောင် အစပျိုးပြောရပြန်၏ ။
''ကျွန်တော်ရဲအလုပ်ကထွက်လိုက်ပြီ ။ပြီးတော့ ဆံပင်ပုံစံလည်းပြောင်းထားတယ်။နောက်ပြီး ဝတ်ပုံစားပုံရော။အင်းပြီးတော့ အမြဲလည်းပြုံးနေတယ်။''
''အဲ့တော့ ငါကဘာလုပ်ပေးရမှာလဲ''
ပြုံးရယ်ကာပြောလိုက်ပေမယ့် ပြန်တုန့်ပြန်လာသည့် jackစကားကြောင့် sunghanမှာ စကားများလေထဲဝဲသွားရသည်။
သို့သော်လည်း lee sunghanတို့ကထိုမျှလေုက်နှင့်လက်မလျော့ခဲ့ပါ။
''ကျွန်တော့်ရည်းစားလုပ်ပေး''
''ဒီမှာ မင်း''
''ဘာလို့လဲ ကျွန်တော့်အချစ်ကိုမယုံလို့လား''
''မြင်မြင်ချင်းချစ်မိသွားခဲ့တာပါ''
လက်နှစ်ဖက်ကိဆြုပ်ကိုင်ကာ ခခယယပြောလာသူထံမှ jack ရုန်းထွက်ကာ
''တော်ပြီကွာ ဒီအကြောင်းပဲဆိုမပြောနဲ့တော့''
''ကျွန်တော် ခင်ဗျားကိုအရမ်းချစ်တယ်။ ကျေးဇူးပြုပြိီး ကျွန်တော့်ကိုအရမ်းမစိမ်းကားပါနဲ့လား''
''လွှတ်ပါ''
''ဖြေပေးပါ...မစိမ်းကားပါနဲ့လားလို့''
YOU ARE READING
The Partner(Completed)
FanfictionWarning 🖤 Started date:February 14,2023. Ended date:July 26,2023.