29

2.7K 155 12
                                    

Unicode

ယနေ့မနက်၂နာရီခန့်တွင် FY group ၏CEO Mon GwangHo အား နေအိမ်တွင် သေဆုံးလျက်တွေ့ရှိခဲ့ရပါသည်။

TVမှသတင်းကြောင့် taehyung လုပ်လက်စအလုပ်ကိုရပ်လိုက်ရကာ

''soheeခဏ လိုင်းမပြောင်းနဲ့''

ထို့နောက် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည့် Mon Gwangho ၏ ပုံများကိုကြည့်ကာ taehyung သက်ပြင်းချလိုက်မိသည်။

ဘယ်လိုလူကများ ရက်ရက်စက်စက်သတ်သွားပါလိမ့် ။

''မကောင်းတာတွေလုပ်ခဲ့လွန်းတော့ သေတော့လည်းလူမသိသူမသိရုပ်ပျက်ဆင်းပျက်ပါလား''

အမေကတော့ ခေါင်းတခါခါဖြင့်သာပြောရင်း TVကိုပိတ်လိုက်သည်။

''သတ်တဲ့သူကထူးဆန်းလိုက်တာ''

''ဘာလို့လဲ''

''သေစေနိုင်တဲ့နေရာကို ဓားနဲ့တစ်ခါထဲထိုးလည်းသေနိုင်တာပဲကို ။ အခုလိုလုပ်သွားတာဆိုတော့ တော်တော်မုန်းနေပုံရလို့ထင်တယ်''

soheeစကားကိူ taehyungက ခေါင်းငြိမ့်ထောက်ခံလိုက်သော်လည်း jungkookကတော့ taehyungလက်ကိုဆွဲကာ

''ကဲပါ...မနက်စောစောစီးစီး အဲ့အကြောင်းကို ဆက်မပြောကြနဲ့တော့ ထမင်းစားရအောင်''

taehyungလည်း jungkookခေါ်ရာသို့လိုက်ခဲ့တော့သည်။

''ကိုကို ဒါလေးစားကြည့်''

''ကို​ကို ကိုယ်တိုင်ချက်ထားတာလေအဲ့ဒါက... ခဲအိုလေးအရင်စားရအောင်ဆိုပြီး အမေနဲ့soheeကိုအရသာတောင်ပေးမမြည်းထားဘူးသိလား''

''မင်းကတော့''

jungkookထည့်ပေးထားသည့် ဟင်းတစ်ဖက်ကိုမြည်းကြည့်သည်။

''ကောင်းလား''

''အင်း အရမ်းပဲ''

လက်မလေးထောင်ကာ ဆက်စားနေသည့် taehyungအား jungkookမှာအရိပ်တကြည့်ကြည့်။

''များများစား''

စားသောက်ပြီးနောက်တွင်တော့ ကုမ္ပဏီသွားရန်ပြင်တင်ရပေသည်။

''ကိုယ်အလုပ်သွားအုံးမယ် ။''

''ကျွန်တော်gymကိုသွားရင်းလိုက်ပို့မယ်''

The Partner(Completed) Where stories live. Discover now