Unicode
(pool sex)
ပွင့်လင်းမြင်သာစကားလုံးများပါတာမို့ ဒီအပိုင်းတစ်ခုလုံးအတွက် warning ပေးပါတယ်။................
ရက်သတ္တပတ်များစွာကုန်လွန်ပြီးနောက် ကုမ္ပဏီအလုပ်များဖြင့် မအားမလပ်ဖြစ်နေသည့် taehyung ထံ ထမင်းပို့လိုက် အကြိုအပို့လုပ်လိုက်ဖြင့်သာ အချိန်ကုန်နေရ၏
ယခုလည်း အစည်းအဝေးခန်းထဲရှိနေသည့် taehyungမှာ ရှယ်ယာရှင်များနှင့် နောက်ထပ်ထုတ်လုပ်မည့် ကုန်ပစ္စည်းအကြောင်းဆွေးနွေးရင်း အချင်းများနေရ၏
အတန်ကြာသည်အထိ ဆွေးနွေးမှုများအပြီးတွင်တော့ taehyungအမြင်ကိုသာ လက်ခံလိုက်ကြပြီး အစည်းအဝေးပြီးသွားတော့၏
''သခင်လေး...တစ်ပတ်လူံးအာရုံစိုက်လိုက်ရတော့ နားချင်ပြီလား''
jack ၏ စကားကြောင့် ဦးဆုံးသတိရမိသူမှ jungkookပင်။
တစ်ပတ်စာစိတ်ညစ်ညူးစရာများအား ရန်ခုန်စရာများနှင့် အစားထိုးချင်နေပြီဖြစ်၏
'jungkook ကိုယ့်ကိုလာကြို'
'ကျွန်တော်ရောက်နေပြီ။ တက်လာခဲ့ရမှာလား'
'နေနေ ကိုယ်ပဲလာခဲ့မယ်'
အလိုက်သိလွန်းသူကြောင့် လေးပင်နေသည့်ခြေလှမ်းများမှာ ခပ်သွက်သွက်ပင် ကားပါကင်ဆီသို့ ချီတက်ခဲ့ပါတော့သည်။
ကားထဲရောက်သည်နှင့် ခါးပတ်ပတ်ပေးကာ နဖူးနှင့်ပါးမှ ချွေးစများအား သုတ်ပေးရင်း
''ပင်ပန်းနေပြီလား''
''ပင်ပန်းနေတာထက် စိတ်လှုပ်ရှားစရာတွေလိုချင်နေတာ''
ချွေးသုတ်နေသည့်လက်အား ဆွဲယူကာ ပါးပေါ်တင်ရင်း ညူတူတူမျက်နှာပေးဖြင့် ပြောလေတော့ jungkookက အနားကိုပိုတိုးကပ်လိုက်၏
''ဒါဖြင့် ကျွန်တော်လုပ်ချင်တာတစ်ခုရှိတယ်''
''ဘာများလဲ''
''pool sex''
နားဖျားလေးများအား လျှာဖြင့်လှမ်းတို့ထိရင်းပြောလိုက်သည်မို့ ကြက်သီးမွှေးညှင်းများပင် ထသွားမိ၏
YOU ARE READING
The Partner(Completed)
FanfictionWarning 🖤 Started date:February 14,2023. Ended date:July 26,2023.