3

5.9K 316 20
                                    

Unicode

ဟိုဟိုသည်သည် အချိန်ဖြုန်းနေတတ်ပေမယ့် Company တစ်ခုနှင့် လုပ်ငန်းပေါင်းများစွာ ဦးဆောင်နေရသူမို့ အလုပ်ကိုတော့ တစိုက်မက်မက်လုပ်လေ့ရှိပါသည််။

သုံးမကုန်အောင်ရှိနေလည်း ပိုက်ဆံဆိုတာ ရှာနိုင်တုန်းအချိန် ရှာထားမှာကို တန်ကာကျမည့်အရာပင်။

laptopတစ်လုံးနှင့် စီမံကိန်းအချို့ကို လေ့လာနေသည့်အချိန် တံခါးခေါက်ခြင်းမရှိပဲ ဝင်လာသည့် အမျိုးသမီးတစ်ဦး...။

ဒေါက်ဖိနပ်သံ တစ်ဒေါက်ဒေါက်ကြောင့် မော့ကြည့်မိသည့်အခါ အလှဆုံးပြုံးပြနေသည့် အမျိုးသမီး အနားကိုသွားကာ

''မာမီ!''

''oh!...my sweet heart''

ရိုးရိုးတန်းတန်းခေါ်ရုံတင်မဟုတ် အနောက်တိုင်းသားတွေကဲ့သို့ ပါးနှစ်ဖက်ကိုတစ်ဖက်စီ အနမ်းကလည်း ပေးသေးသည်။

မာမီအကျင့်ကို သိနေပေမယ့် ၂၇နှစ်အရွယ် ယောက်ျားတစ်ယောက်နဲ့ ထိုnicknameဟာ ဘယ်လိုများ အပ်စပ်နေသလဲ?

''အဲ့ဒါကြီးကိုမခေါ်ပါနဲ့ ''

''ငါ့သားငါခေါ်တာ ဘယ်သူ့ဂရုစိုက်ရမလဲ''

မာမီက ဆိုဖာမှာဝင်ထိုင်ကာ ဘာကိုမှဂရုမစိုက်သည့်အတိုင်း ခပ်သွက်သွက်သာပြောသည်။

''အဲ့ဒီသားကမကြိုက်ဘူးလေ''

''ငါကြိုက်ဖို့ပဲလိုတယ်''

taehyungလည်း အခေါ်အဝေါ်အတွက်နဲ့ ငြင်းခုန်မနေချင်တော့သည့်မို့

''အခုကဘာကိစ္စလဲ''

''အာရုံနောက်နေတဲ့ဟာရှိတယ်''

''အသေလား...။''

''အသေထိတော့မလိုပါဘူး ။မှတ်လောက်သားလောက်ဖြစ်သွားရုံပဲ။''

ကျွန်တော်လုပ်နေသည့် အရာများကို မာမီဟာ အလုံးစုံသိနေသည့်တိုင် တားဆီးခြင်းမရှိပဲ ကျွန်တော့်သဘောအတိုင်းသာ လွတ်လပ်စွာပင် လုပ်ပိုင်ခွင့်ပေးထားသည်။

ထို့အတူ သူ့လုပ်ငန်းထဲမှာ တစ်ခုခုစိတ်တိုင်းမကျတာရှိလျှင်လည်း ယခုကဲ့သို့ တောင်းဆိုအကူအညီတောင်းလေ့ရှိသည်။

The Partner(Completed) Where stories live. Discover now