27

2.9K 160 39
                                    

Unicode

မြို့တော်ဝန်Kim HaeMiမှာ လွန်ခဲ့သော သုံးနှစ်ခန့်က မိမိအတွင်းရေးမှူးအား လူငှားဖြင့်သတ်ရန်ကြံစည်သည်ဟူသော စွဲချက်အား မှန်ကန်ကြောင်းဝန်ခံကာ နိုင်ငံ၏ဥပဒေပြဋ္ဌာန်းချက်အတိုင်း အပြစ်ခံယူသွားမည်ဖြစ်ကြောင်း ကတိကဝတ်ပြုလိုက်သည်။

သတင်းအစီအစဥ်ကိုနားထောင်ပြီးနောက် taehyungမျက်ရည်ဝဲမိသည်။ မာမီက ကျွန်တော့်ကိုရွေးပေးပြီး သူ့ကိုယ်သူ အနစ်ခံပေးခဲ့တာ။

''အမေနဲ့သွားတွေ့သင့်တယ် ကလေး''

ပုခုံးကိုပုတ်ကာ နှစ်သိမ့်ပေးရင်းပြောလာသူ
အမေတစ်ယောက် ။

taehyung အမေ့ရင်ခွင်ထဲတိုးဝင်ကာ မျက်ရည်များစီးကျရင်း

''ကျွန်တော်တောင်းပန်ပါတယ်နော်''

''မင်းမှာဘာအပြစ်မှမရှိပါဘူးကွယ် ။သမီးလေးရဲ့ဝဋ်ကြွေးလို့ပဲမှတ်ပါတယ်''

ခေါင်းကိုပုတ်ကာ နှစ်သိမ်အားပေးပြန်သည့် ချစ်ရသူ၏မိခင်မှာ မိမိတို့၏ဖြစ်တည်မှုကိုနားလည်လက်ခံရုံသာမက မိမိကိုလည်းသားအရင်းပမာဂရုတစိုက်ရှိလှ၏ ။

''နားလည်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်''

''မင်းကအမေ့ကလေးပဲ ဒါကြောင့်သူစိမ်းဆန်တဲ့စကားတွေမပြောရဘူး။ဟုတ်ပြီလား''

''ဟုတ်ကဲ့ပါ အမေ''

''မာမီနဲ့သွားတွေ့ကြမယ် ။အမေလည်းလိုက်ခဲ့ပါ။ ကျန်တာမလုပ်ပေးနိုင်ရင်တောင် မာမီကိုတောင်းပန်ခွင့်ရစေချင်လို့ပါ။''

''ကောင်းပါပြိီ''

jungkook၏မိခင်ဟာ taehyung ခေါ်ဆိုမှုအတိုင်း စီရင်ချက်ချခံရမည့် ရုံးတော်သို့ လိုက်ပါပေးခဲ့ပါသည်။

မာမီကတော့ အပြစ်ကိုကိုယ်တိုင်ဝန်ခံတာဖြစ်သည့်အတွက် လူသတ်ရန်ကြံစည်မှုဆိုသော်ငြား သကညှာမှုအနေ နှင့် ထောင်ဒဏ် ၃ နှစ် နှင့် ဒဏ်ကြေးအနည်းငယ်သာ ပေးဆောင်သွားရမည် ဖြစ်သည်။

''မာမီသားလေး''

kim haemiမှာ သားဖြစ်သူကို ပြေးဖက်ကာထွေးပွေ့ရင်း မျက်ရည်များဝဲနေမိသည်။

The Partner(Completed) Where stories live. Discover now