Unicode
''အမေ!''
အံ့သြနေသည့်အမေ့အနားကို jungkookသွားလိုက်ရသည်။taehyungကတော့ အကြောင်သားလေးသာရပ်မိနေဆဲ ။
''အဲ့ဒါဘာဆက်ဆံရေးလဲ...''
''Jeon Jungkookလာစမ်း''
jungkookလက်မောင်းမှဆွဲခေါ်ကာ အပြင်ကိုခေါ်တော့ ထွက်လာဟန်ပြင်နေသည့် taehyungကိုကြည့်ကာ
''သူဌေးလေး...ကျွန်မတို့သားအမိနှစ်ယောက်ထဲစကားပြောခွင့်ပေးပါ။''
ပိတ်သွားသည့်တံခါးအနားကပ်ကာ အပြင်မှအသံတို့ကိုသာ အာရုံစိုက်ထားလိုက်တော့သည်။
''ဘယ်လိုဖြစ်တာလဲ''
''အမေ အဲ့ဒါက''
''မင်း...ငါတို့ကပိုက်ဆံမရှိတာမှန်ပေမယ့် ဒီလိုနည်းနဲ့ရှာစားမှ စားရမယ့်အခြေအနေတော့မဟုတ်ဘူးလေ''
အမေက မျက်ရည်တွေဝဲနေခဲ့တာ။ ဒေါသထွက်နေတာမဟုတ်ပဲ တစ်ခုခုကိုအထင်လွဲနေတာ။
''အမေ...သားအဲ့လိုမဟုတ်ဘူး''
''ဒါဆို မင်းသူ့အနားမှာလုပ်ရတဲ့အလုပ်ကိုပြောစမ်း ငါ့ကို''
ထိုသို့မေးပြန်တော့လည်း ကျွန်တော့်မှာဖြေစရာမရှိခဲ့။ ကျွန်တော်ကအမေပြောသလို taehyungအတွက်ဖြစ်နေပြီလား။ မဟုတ်ပါဘူး ကျွန်တော့်အချစ်ကစစ်မှန်ပါတယ်။ ကျွန်တော်ပိုက်ဆံကြောင့်ကပ်ခဲ့တာမဟုတ်ရပါဘူး။
ဒီစကားတွေရှင်းပြရမှာမှန်ပေမယ့် ကျွန်တော့်လည်ချောင်းထဲဆို့တက်နေသည်။ ဘာကပြောရခက်နေသည်လည်း အဖြေရှာမတတ်အောင်မွန်းကြပ်ရသည်။
''Jeon Jungkook!!''
''မင်းအဖေလိုလုပ်ရက်မျိုး မင်းကပါလုပ်နေရင်ငါသေသွားလိမ့်မယ်''
''ကျွန်တော်အဲ့လိုမလုပ်ပါဘူး ။တကယ်ပါ''
''Jeon Sohee!''
''ဟုတ် မေမေ''
ဒေါသထွက်နေပုံရသည့် အမေဖြစ်သူကြောင့် soheeလည်းတံခါးအကွယ်မှ ကုတ်ကုတ်ကလေး ထွက်လာလိုက်သည်။
''အဲ့ကောင်လေးမှာ မိန်းမရှိမရှိစုံစမ်းလို့ရနိုင်လား''
''taehyung oppaမှာလား''
YOU ARE READING
The Partner(Completed)
FanfictionWarning 🖤 Started date:February 14,2023. Ended date:July 26,2023.