4

6.2K 312 59
                                    

Unicode

taehyung သူ၏ကလေးအား ပါကင်သေချာထိုးပြီး တစ်ယောက်သောသူရှိရာအခန်းဆီ ခပ်သွက်သွက်ပင် သွားလိုက်သည်။

''စကားနားထောင်သားပဲ''

''.....''

လျို့ဝှက်နံပါတ်နှိပ်ပြီး အခန်းထဲဝင်လိုက်သည်နှင့် ဆိုဖာမှာထို​င်နေသည့် ကောင်လေးကြောင့် ပျော်ရွှင်သွားမိတာတော့အမှန်...။

သို့သော် တချက်သာကြည့်ပြီး ဘာမှမပြောလာသည်ကြောင့် ပြုံးနေသည့်နှုတ်ခမ်းတွေက အနည်းငယ်တော့ စူသွားမိသည်။

''မင်းက နဂိုထဲက စကားနည်းတာလား''

''တောင်းပန်ပါတယ်''

ချက်ချင်း တောင်းပန်စကားဆိုလာသည်မို့ အံ့သြမိသည်။

''ဟမ်...ဘာလို့''

''yunmi...''

မပွင့်တပွင့်နှင့်ထိုကောင်လေးနှုတ်ခမ်းများအား လက်ညိုးနှင့် တားလိုက်ပြီး

''ရှူး...''

''အဲ့မိန်းမနာမည်တောင် မကြားချင်ဘူးလို့ ပြောထားတယ်လေ''

ပါးပြင်နားနှုတ်ခမ်းတွေထိကပ်တော့မည့်နှယ် ပြောလာသည့် taehyungကြောင့် jungkookနားထိပ်လေးတွေပင် ရဲတက်သွားခဲ့သည်။

''သူ့ကြောင့် စိတ်အနှောက်အယှက်ဖြစ်ခဲ့ရရင် တောင်းပန်ပါတယ်''

''တောင်းပန်ဖို့ မလိုဘူး။ ဒါမင်းလုပ်တာမဟုတ်ဘူးလေ''

''ဒါပေမယ့်...''

''အရမ်းစကားများတယ်''

taehyung၏ ခပ်ကျယ်ကျယ်အသံကြောင့် jungkookလည်း ဆက်မပြောတော့ပေ။

taehyung က သူ့အနားကခွာကာ အပေါ်ထပ်တင်မက ရှပ်တွေထိပါ ချွတ်လာသည်မို့

''ဘာလုပ်မလို့လဲ!''

''ရေချိုးမလို့''

''.....''

အလန့်တကြား jungkookနဲ့ကွဲလွဲစွာ taehyungက မျက်ခုံးလေးပင့်လို့ အဝတ်တွေကုန်စင်အောင်ချွတ်ပြီးနောက် အကြည့်လွှဲထားသည့် jungkookအနားသွားကာ

''ချိုးပေးချင်လား''

ခပ်တိုးတိုးအသံ နားထဲဝင်ရောက်လာသည်နှင့် ကြက်သီးလေးများပင် ထသွားမိသည်လား။ တစ်ကိုယ်လုံးကို အေးစက်သွားတော့တာ။

The Partner(Completed) Where stories live. Discover now