unicode
ခပ်မှိန်မှိန်ညအိပ်မီးရောင်လေးမှတစ်ဆင့် မြင်တွေ့ရသည့် မျက်နှာလေးအား ခပ်ဖွဖွပွတ်သပ်မိသည်။
မျက်လွှာများချထားသည်မို့ ခပ်ရှည်ရှည်မျက်တောင်များကို အနီးကပ်တွေ့ရ၏
မျက်ခွံများပေါ်မှ တွေ့ရသည့်အကြောရေးရေးများအပေါ် ခပ်ဖွဖွအနမ်းပေးမိတော့ လွန့်လူးလာသည့် ခန္ဓာကိုယ်လေး။
မှိတ်ချထားသည့်မျက်ဝန်းလေးများ ပွင့်ဟလာချိန်ထိ ကျွန်တော်အကြည့်မလွှဲမိ ။
ခပ်ဖြည်းဖြည်းပွင့်ဟလာသည့်မျက်ခွံတွေနဲ့အတူ စူးရှသည့်အကြည့်...။ မျက်ခမ်းအောက်က မှဲ့နက်လေးကြောင့် ပိုလှနေခဲ့သည်လား။
''မအိပ်သေးဘူးလား''
သြရှရှအသံလေးထဲ ငိုက်မြည်းသံလေးရောနှောနေသည်မှာ ချစ်စဖွယ်...။
ခေါင်းခါရုံခါပြသည့် ကျွန်တော့်အား ဘာမှဆက်မပြောပဲ စိုက်ကြည့်နေ၏
ကျွန်တော်တို့အတန်ကြာသည်အထိ တစ်ယောက်မျက်လုံးတစ်ယောက်ကြည့်ရင်း တိတ်ဆိတ်နေခဲ့သည်။
ကြယ်လေးတွေထည့်ထားသည့်နှယ် တောက်ပနေသည့် မျက်ဝန်းတစ်စုံ ။စတွေ့တုန်းက အဲ့သည့်လောက်လှမှန်းမသိခဲ့ရိုးအမှန်ပါ...။
''ကျွန်တော်တို့ အိပ်ဖော်အိပ်ဖက်ဆက်ဆံရေးကို ရပ်ရအောင်''
''ဟင်...''
ကြားကြားချင်းမှင်သက်နေပေမယ့် နောက်မှအိပ်နေရာမှ ကမန်းကတမ်းထကာ မျက်နှာရိပ်မျက်နှာကဲသတိထားကြည့်သော်လည်း နောက်နေသည့်ပုံမရ ။
''ဘာလို့လဲ''
''ကျွန်တော်....''
''ဘာတွေပြောရခက်နေလဲ....။ စိတ်ထဲရှိတဲ့ ပြောချင်သမျှအားလုံး ကိုယ့်ကိုပွင့်ပွင့်လင်းလင်းပဲပြော။''
တည်ကြည်လေးနက်သည့် မျက်လုံးလှလှလေးတွေထဲ ပြောရခက်နေဟန်၊ရှက်ရွံ့ဟန် ခံစားချက်ပေါင်းစုံကိုမြင်နေရသည်။ Jeon Jungkook သူဘာတွေများ တွေးနေတာလဲ။
''အသွေးအသားဆန္ဒကိုဖြည့်ဆည်းဖို့အတွက်ပဲ သဘောတူခဲ့ပေမယ့်...ကျွန်တော်...''
YOU ARE READING
The Partner(Completed)
FanfictionWarning 🖤 Started date:February 14,2023. Ended date:July 26,2023.