28

2.9K 161 16
                                    

Unicode

မှန်ပြတင်းပေါက်ကတစ်ဆင့်ကျရောက်လာသည့် နေရောင်ခြည်၏အလင်းဒဏ်ကို မခံနိုင်စွာ နိုးထလာရသည်။

ဘေးဘီဝဲရာကိုခက်ဖြင့်စမ်းကြည့်တော့ taehyungကိုမတွေ့...။

''ကိုကို...''

ရေချိုးခန်းထဲလည်းမရှိ သန့်စင်ခန်းထဲလည်း မရှိသည်မို့ jungkookကမန်းကတမ်းထကာ အပြင်ထွက်ရှာတော့၏ ။

ဧည့်ခန်းမှာလည်းမရှိ စာကြည့်ခန်းလည်းမရှိသည်မို့ မီးဖိုခန်းကအမေ့ဆီပြေးရသည်။

''အမေ ကိုကို့ကိုတွေ့မိသေးလား''

အလန့်တကြားjungkookအသံကြောင့် အမေဖြစ်သူမှာလည်း ကမန်းကတမ်းပြန်ဖြေရ၏

''ဟင်...အခုထိတော့အပြင်ထွက်မလာသေးပါဘူး''

''soheeနင်ရော တွေ့မိလား''

''ဟင့်အင်း...ထွက်လာတာမတွေ့မိဘူး''

''အခန်းထဲမှာမတွေ့လို့''

ပြိုတော့မယ့်မျိုးလိုဖြစ်နေသည့် jungkookကို ကြည့်ကာ သားအမိနှစ်ယောက်ကပါ လုပ်လက်စကိုပစ်ကာ taehyungရှာဖွေရေးစရတော့၏ ။

''ကိုကို..''

အပြင်သွားလေ့သွားထမရှိသည့် ကိုကိုကမနက်စောစော ကျွန်တော့်ကိုမပြောပဲ ဘယ်ကိုသွားလိုက်တာလဲ''

''ဖုန်းခေါ်ကြည့်ပါလား ''

''အခန်းထဲမှာဖုန်းက''

''ကိုကို!''

jungkookအော်သံကြောင့် ဝရံတာမှပြန်ဝင်လာသည့် taehyungက အပြေးတပိုင်းအနားရောက်လာတော့သည်။

''ဘာဖြစ်လို့လဲ''

''ဘယ်တွေသွားနေတာလဲ''

ငိုသံကြီးနှင့် ပွေ့ဖက်လာသည့် jungkookကြောင့် taehyungကအကြောင်သားလေးဖြစ်သွားရကာ အရှေ့ကသားအမိနှစ်ယောက်ကို မျက်လုံးဖြင့်မေးမိတော့ နှစ်ယောက်လုံးစိတ်လေသလိုဖြင့်ခေါင်းသာခါပြကြသည်။

''ဘာဖြစ်လို့လဲ မောင်ရဲ့''

''အိပ်မက်ကလည်းမကောင်းဘူး။ကိုကို့ကိုလည်းမတွေ့တော့ ကျွန်တော်အရမ်းပြာသွားတာ''

ငိုမဲ့မဲ့ပြောလာသည်မို့ taehyungရယ်လည်းမရယ်ရက်ခဲ့ပေ။

ညကလည်းတစ်ညလုံးလွတ်ထားသွားမှာစိုးသည့်အလား taehyungကို ဖက်ထားခဲ့တာမလား။ ဘာတွေကိုများ စိတ်ပူနေပါလိမ့်။

The Partner(Completed) Where stories live. Discover now