11

4.5K 215 21
                                    

Unicode

jungkookနဲ့ taehyung တွေ့ဆုံမှုမှာ အိပ်ယာပေါ် ဖြတ်သန်းခဲ့ရင်းနှင့်ပင် ၃လ ကျော်ကာလတစ်ခုကို ရောက်ရှိလာခဲ့သည်။

နေရာစုံမှာ ဆက်ဆံမယ်ဆိုသည့် Kim Taehyung အတွေးကို တစ်ခုချင်းအကောင်အထည်ဖော်နေပေမယ့် နောက်ပိုင်းလုပ်ငန်းတိုးချဲ့မှုများကြောင့် နှစ်ယောက်တွေ့ဆုံမှုနည်းသွားသည်။

jungkookကတော့ taehyung ကုမ္ပဏီထိရောက်လာတတ်ကာ နေ့လည်စာကျွေးခြင်းနှင့်ညစာအထိ တာဝန်ယူချက်ပြုတ်ပေးကာ လာပို့လေ့ရှိသည်။

ထိုအချိန်များတွင်လည်း taehyung ဟာ ရုံးမှာပဲအချိန်ပြည့်ရှိနေသူမဟုတ်သည်မို့ နောက်ပိုင်းတွင် jungkookအား သူ့အတွက်စားစရာလာမပို့တော့ရန်ပါ တားမြစ်လိုက်သည်မို့ တစ်ပတ်လျှင်တစ်ခါမျှတောင် တွေ့ဖို့ခက်ခဲလာတော့သည်။

gym မှာ ဦးစီးပေးပါဟု ဆိုသော်လည်း သူခန့်ထားသည့် trainer တွေနှင့်တင် ကိုယ်ကဘာမှလုပ်စရာမလိုအောင် အားလပ်နေရသည်မို့ ဒီကာလများမှာ jungkook အတော်အတန်ပျင်းရိလာခဲ့သည်။

တစ်ယောက်ထဲအတွေးလွန်နေရင်းမှ ဖုန်းဝင်လာသည်မို့ ဖုန်းထားရာနေရာဆီ ခပ်မြန်မြန်လာရသည်။

Kim Taehyung က သူဖုန်းခေါ်လျှင် ချက်ချင်းကိုင်မှကြိုက်သည်။

'အခု ကိုယ့်ကုမ္ပဏီကိုလာခဲ့နိုင်မလား'

ဒီရက်ပိုင်း ကြားရဖို့ခက်နေသည့် အသံသြသြလေးကိုကြားလိုက်ရသည်မို့ ရင်ထဲပျော်ရွှင်မိသွားတာတော့အမှန်...။

'အခုလာခဲ့မယ်'

'ဘာမှချက်မလာခဲ့နဲ့။ သပ်သပ်ရပ်ရပ်ဝတ်ခဲ့'

ထိုမျှသာပြောပြီး ဖုန်းချသွားပါသည်။

Taehyung မှာသည့်အတိုင်း jungkook သူ့ဆီမှာရှိသည့် အနက်များကြားမှ အဖြူရောင်တီရှပ်နှင့် ဂျင်းအနက်လေးကိုတွဲဝတ်ပြိီး ကုမ္ပဏီသို့ ခရီးဆက်၏

ကုမ္ပဏီအရှေ့မှာပဲ ကားရပ်ကာစောင့်နေသည့် taehyung အနားကိုအပြေးသွားမိသည်။

''ဒီလိုနဲ့လည်း လိုက်တာပဲ''

ကော်လံကိုသေချာပြင်ပေးရင်း ထုတ်ထားသည့်အင်္ကျီအစကို ခါးထဲသေချာထိုးပေးနေပြန်သည်။

The Partner(Completed) Where stories live. Discover now