Unicode
Wedding day:Nov 23.
ဂျယ်ဂျူကျွန်း ၏ကမ်းခြေတစ်ခုတွင် ပြုလုပ်မည့်မင်္ဂလာပွဲ...။
ညနေဆည်းဆာနောက်ခံထားကာ အလှပဆုံးစီရင်ထားသည့် အခမ်းအနားမှာ ရိုးရှင်းသလောက်လည်း လှပနေသည်။
အလှဆင်ထားသည့် အဖြူရောင်လိုက်ကာစများ တလွှင့်လွှင့်ရွက်လွှင့်နေခြင်းနှင့်အတူ ဧည့်ပရိတ်သတ်အနည်းငယ်မှာလည်း သတို့သားနှစ်ယောက်ဝင်ရောက်လာမည့်အချိန်ကို မျှော်လင့်နေကြ၏...။
မကြာလိုက်သောအချိန်မှာပဲ အဖြူရောင်သတို့သားနှစ်ဦးဟာ လက်ချင်းချိတ်တွယ်လို့ ခမ်းမထဲတရွေ့ရွေ့ဝင်လာခဲ့ကြပါသည်။
မျက်ဝန်းအညိုလေးများ ကွယ်ပျောက်ကာ လခြမ်းကွေးလေးသဖွယ်ဖြစ်သည့်အထိပြုံးရယ်နေသည့်ကောင်လေးအား အရိပ်တကြည့်ကြည့် ကြည့်ရင်းသဘောတကျပြုံးရယ်နေသည့် ကောင်လေး...။
ချိတ်ဆက်ထားသည့်လက်သွယ်သွယ်များပေါ်မှာနေရာယူထား လက်စွပ်လေးနှစ်စုံ ။
မြတ်နိုးရခြင်းတွေအပေါ်မူတည်၍ လူတစ်ယောက်၏ အပြုအမူဟာပြောင်းလဲသွားတတ်သည်ဆို ခင်ဗျားတို့လက်ခံနိုင်မလား။
ကျွန်တော်ကတော့ လက်ခံနိုင်ခဲ့ပြီ။
ကျွန်တော့်ဘေးမှ ကျွန်တော့်၏အမျိုးသား အသက်ငယ်သော်လည်း ကျွန်တော့်ထက်ရင့်ကျက်ပြီး အပြည့်အဝနားလည်ပေးနိုင်သူ ။ကျွန်တော်ဘာလုပ်လုပ်တားစိီးပိတ်ပင်မည့်သူမဟုတ်ပဲ သူပါအတူလုပ်ကိုင်ပေးခဲ့သူ ။
လိုချင်တောင်းတခဲ့သော မေတ္တာတရား၏နွေးထွေးမှုနှင့်ထိတွေ့ပေးခဲ့သူ ။ ကျွန်တော့်ကို သူ့အသက်တမျှ ချစ်မြတ်နိုးပေးသည့်သူ ။
ကျွန်တော့်ဘဝဟာ သူ့ကြောင့်အရာရာပြောင်းလဲခဲ့ရပြီး ချစ်ခြင်းကိုလည်းခံယူရရှိခဲ့သလို ချစ်ခြင်းကိုလည်း ဖော်ပြတတ်ခဲ့လေပြီ...။
ကျွန်တော့်မှာ ဘာလိုအပ်ချက်မှမရှိတော့ပါဘူး။သူတစ်ယောက်သာရှိရင် ကျွန်တော့်ဘဝဟာပြီးပြည့်စုံပြီ...။
ကတိကဝတ်တွေမလိုပါဘူး
မင်းသာရှိဖို့လိုအပ်တယ်။ချစ်တယ် အသက်တမျှပါပဲ
ကိုယ့်ရဲ့ Jeon Jungkook...။
YOU ARE READING
The Partner(Completed)
FanfictionWarning 🖤 Started date:February 14,2023. Ended date:July 26,2023.