L U C A S -3

3K 147 9
                                    


နံရံပေါ်ကဓာတ်ပုံလေးအားကြည့်ရင်း

"ခင်ဗျား ကိုကျွန်တော်အခုလိုမျိုးပြန်တွေ့ရလိမ့်မယ်လို့မထင်ထားဘူး၊ ကျွန်‌ေတာ်မှတ်တောင်မမှတ်မိဘူး ခင်ဗျားရယ် ၊ ‌‌ေပြာင်းလဲသွားလိုက်တာ တခြားလူတစ်ယောက်လိုပါပဲလား ၊ကျွန်တော့်ကို ဒယ်ဒီမိတ်ဆက်ပေးတဲ့အချိန်မှ ကျွန်တော်သိပ်ကိုမြတ်နိုးရတဲ့ခင်ဗျားမျက်နှာက မှည့်လေးကိုတွေ့တော့မှ ခင်ဗျားမှန်းသိသွားတာ ခင်ဗျားတော့ ကျွန်တော့ကို ဘယ်မှတ်မိပါ့မလဲ "

********
Chan ပြင်ဆင်စရာရှိတာပြင်ဆင်ပြီးအောက်ဆင်းလာတော့ထမ်င်းစားခန်းထဲမှာမနက်စားနေတဲ့ဒယ်ဒီနဲ့မာမီက

"သား လာလေ သားကြိုက်တဲ့မုန့်ဟင်းခါးလေး မာမီကိုယ်တိုင်ချက်ထားတယ် တစ်ခါထဲ ဝင်စားသွားလိုက် ပြီးမှသားဒယ်ဒီနဲ့ ကုမ္ပဏီကိုလိုက်သွားနော်"

"ဟုတ် မာမီ"

ကုမ္ပဏီကိုရောက်တော့ ဒယ်ဒီကရှယ်ယာရှင်တွေအားလုံးကိုခေါ်ထားတာမို့လို့ အစည်းအဝေးခန်းထဲတွင် အားလုံးရောက်နေကြ၏ ထိုအချိန်တွင် ဒယ်ဒီက

"ကျွန်တော် အခုလိုရှယ်ယာရှင်တွေအားလုံးကိုခေါ်လိုက်ရတဲ့အကြောင်းအရင်းကတော့ကျွန်တော်အနားယူတော့မယ့်အကြောင်းကိုပြောချင်လို့ပါ၊ ကျွန်တော်ပြီးရင် ရှယ်ယာအများဆုံးဖြစ်တဲ့ ကျွန်တော့ရဲ့သားကို ကျွန်တော့်ရဲ့ရှယ်ယာတွေပါလွှဲပေးတဲ့အကြောင်းကို အားလုံးကိုအသိပေးချင်လို့ပါ၊"

ဒီစကားကိုကြားတော့ Chan အပါအဝင် ရှယ်ယာရှင်တွေအားလုံး ကြောင်သွားကြ၏

ဒယ်ဒီဟာ Chanမထင်ထားတဲ့အရာတစ်ခုကိုလုပ်ချသွားတာဖြစ်သည်၊ဒယ်ဒီအလုပ်ကိုဝိုင်းလုပ်ပေးမယ်လို့ပြောထားတဲ့မိမိကိုယ်ကိုသာအပြစ်တင်မိတော့သည်၊ဒယ်ဒီတကယ်ကိုတော်ပါပေတယ် ၊အကွက်ကျကျကိုစီစဉ်သွားတာဖြစ်သည်၊ပြီးတော့ ဒယ်ဒီပြောတဲ့ ဒုတိယရှယ်ယာအများဆုံးဆိုတာကရော၊ ဒီပွဲပြီးရင်တော့Chan ဒယ်ဒီနဲ့စကားပြောဖို့လိုပြီ"

***********
Lucas
Breakfast စားနေရင်းဒယ်ဒီက

"သားကိုအင်တာဗျူးချင်လို့တဲ့ ဒယ်ဒီ့ကို ဆက်သွယ်လြာကတယ် ၊သားရော အဆင်ပြေလား အင်တာဗျူးအတွက် ၊ "

L U C A S ( S-1)Where stories live. Discover now