L U C A S - 5

2.2K 119 7
                                    

ချစ်ရသူနဲ့တနေ့တာ တူတူလှောက်လည်ရမယ်ဆိုတဲ့အတွေးနဲ့တင် နိုးထလာရတဲ့မနက်ခင်းလေးက ပြီးပြည့်စုံနေပါပြီ၊ဒီလိုနဲ့တွေးလက်စအတွေးတို့ကိုရပ်တန့်ကာ ပြင်ဆင်စရာရှိတာပြင်ဆင်ပြီးအောက်ထပ်သို့ဆင်းလာတော့သည်။အောက်ထပ်တွင်....

"နိုးပြီလား ကိုယ်စောင့်နေတာ၊မနက်စာကိုအပြင်မှာပဲစားကြမလားလို့၊အရမ်းစားကောင်းတဲ့ နာမည်ကြီးစားသောက်ဆိုင်တစ်ခုမှာ ကိုယ်ဘိုကင်လုပ်ထားတယ်၊"

"စားကြမယ်လေ အကိုရဲ့ ကျွန်တော့်ကိုလာနှိုးတာမဟုတ်ဘူး ၊အခုတော့အကိုစောင့်နေရပြီမလား၊လာလေ သွားကြမယ်"

စားသောက်ဆိုင်သို့ကားဖြင့်သွား‌ေနစဥ်
ကားပေါ်တွင်....
"အကို ဘာတွေတွေးနေတာလဲ၊ကျွန်တော်ခေါ်တာကိုတောင်မကြားရလောက်အောင် ၊အတူတူရှိနေတဲ့အချိန်လေးကို ပျော်ပျော်ရွှင်ရွှင်လေးနေပါဗျာ၊အလုပ်ကိစ္စတွေမတွေးပါနဲ့၊"

"ကိုယ်အလုပ်ကိစ္စအကြောင်းတွေးနေတာမဟုတ်ပါဘူးကွာ၊ကိုယ်တွေးနေတာက အခုမနက်စာစားပြီးရင် ကိုယ့် ‌ချစ်သူလေးကို ဘယ်လိုက်ပို့ရင်ကောင်းမလဲလို့စဉ်းစာနေတာ၊ပြီးတော့..."

"ပြီးတော့ ဘာဖြစ်လဲ ဆက်ပြောလေ ၊ဘာလို့ရပ်သွားတာလဲ"

"အွန်းး ၊အဲ့လိုမျိုးအကိုလို့ပဲ ခေါ်နေတော့မှာလား ၊ညီကိုတွေခေါ်နေသလိုမျိုးကြီး ကိုယ်တော့မကြိုက်ဘူး"

"ဟားဟားဟားဟား အကိုကလဲ ကလေး
လေးကျနေတာပဲ ၊အကိုကရော ဘယ်လိုခေါ်စေချင်လဲ၊"

"..........."

"ကဲပါဗျာ၊စိတ်ကောက်သလိုမျိုး နှုတ်ခမ်းကြီးစူမနေပါနဲ့ ကိုကိုကလဲ"

"အမ် ဘယ်လို ဘယ်လို နောက်တစ်ခေါက်လောက် ခေါ်ပါဦး၊ ကိုယ်ထပ်ကြားချင်လို့"

"ကိုကို ကိုကို ကိုကို ကိုကို ရပြီလား၊ကျွန်တော် ဗိုက်ဆာနေပြီလို့ မြန်မြန်မောင်းပါတော့"

"ဟုတ်ပါပြီဗျာ၊သခင်လေးရဲ့အမိန့်တော်အတိုင်းပါဗျာ"
စားသောက်ဆိုင်တွင်စားသောက်ပြီးနောက်

"ကဲ ဘယ်ကိုသွားချင်လဲ ကို
်လိုက်ပို့ပေးမယ်"

"အမှန်အတိုင်းပြောရရင်လေ ကျွန်တော်က ကိုကိုအနားမှာပဲနေချင်တာ ၊ခရီးထွက်ချင်တယ်လို့ ပြောခဲ့တာကလဲ ကိုကို့ကိုယ် ကျွန်တော့်အနားမှာရှိနေစေချင်လို့ ၊အခုရပြီလေ ၊ဘယ်မှ မသွားချင်တော့ဘူး ၊ကျွန်တော့်အနားမှာပဲနေပြီး အမှတ်တရတွေပဲဖန်တီးပေးရင်ရပြီ၊"

L U C A S ( S-1)Where stories live. Discover now