L U C A S - 7

1.8K 77 5
                                    

မနက်ခင်းစောစောနိုးတတ်တဲ့အကျင့်ကြောင့် chan အိပ်ရာမှစောစောနိုးလာ‌ေတာ့နိုးနိုးချင်းမြင်လိုက်ရတဲ့မျက်နှာလေးကပင် တစ်နေ့တာစတင်ဖို့အတွက် ခွန်အားတွေရှိလာစေသည်။

အိပ်နေတဲ့သူကတော့ အိပ်မက် ကမ္ဘာထဲရောက်နေချိန် chan ကတော့ မျက်စိရှေ့က မြင်နေရတဲ့ လူသားရဲ့ မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီကိုအသေးစိတ် လက်ညိုးဖြင့်ထိကြည့်နေမိ‌သည်။

စီးပွားရေးလောကမှာ အောင်မြင်နေတဲ့  ကိုကို့ရဲ့သွင်ပြင်က အခြားလုပ်ငန်းရှင်တွေလို မဟုတ်ဘဲ လူငယ်ဆန်ဆန်၊

နိုင်ငံခြားသားဖြစ်သူဖခင်ဆီက ခဲရောင်ဆံပင်ကာလာ၊ ခဲရောင်မျက်ဝန်းတစ်စုံ နဲ့ ‌မိခင်ဖြစ်သူဆီက လှပလွန်းတဲ့ နှုတ်ခမ်းတစ်စုံကိုအ‌ေမွရထားတဲ့ အပြင်ဖြောင့်စင့်နေတဲ့ နှာတံ၊နက်မှောင်တဲ့ မျက်ခုံးတန်းမှာရှိနေတဲ့ အမာရွတ်အစင်းကြောင်းကပင် ပိုကြည့်ကောင်းနေသည်။

Chan သိပ်သဘောကျရတဲ့ သူ့ရဲ့မျက်နှာနဲ့လည်ပင်းက တြိဂံပုံစံမှည့်တွေနဲ့  နားမှာဝတ်ထားတဲ့ နားကပ်သေးသေးလေးတွေ ၊ဒာရာအားလုံးကိုခြုံကြည့်လိုက်ရင် ကိုကိုဟာ ဘာမှအပြစ်ပြောစရာမရှိပေ။

Chan သူ့မျက်နှာကိုထိကြည့်နေလို့ထင်ပါရဲ့ သူ့နှုတ်ခမ်းကိုထိနေတဲ့ chanရဲ့ လက်ကို သူရဲ့ လက်တစ်ဖက်က လှမ်းချုပ်လိုက်ပြီး အရပ်ချင်းရော လူကောင်းချင်းပါ သိပ်မကွာတဲ့ chanရဲ့ရင်ခွင်ထဲကိုအတင်းတိုးဝင်လာပြီး...

"ဒီလိုလေးပဲနောက်ထပ်မိနစ်အနည်းငယ်ပဲ ထပ်အိပ်မှာမို့လို့ ထမသွားဘဲ ကိုယ့်ကိုဖက်ထားပေးပါ၊အခုလိုမျိုးနှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်တာကြာပြီမို့လို့ "

"အစောကြီးရှိပါသေးတယ် ၊ကျွန်တော် ဘယ်ကိုမှ ထမသွားပဲ ဖက်ထားပေးမှာမို့လို့ မိနစ်အနည်းငယ်မဟုတ်ဘဲ အကြာကြီးအိပ်လိုက်ပါ၊"

"အွန်း"

ကျွန်တော်ညဘက်တွေဆို အိပ်မပျော်လို့ အိပ်ဆေး ဆောင်ထားရတဲ့အထိပဲ ၊ အခုတော့ နှစ်ရက်ရှိပြီ အဲ့လိုမဖြစ်တာ ၊ သူရှိနေရင် ကျွန်တော်အိပ်ဆေးသောက်အိပ်စရာမလိုတော့ဘူး၊သူကကျွန်‌ေတာ့်ရဲ့ အိပ်ဆေးလေး၊

L U C A S ( S-1)Where stories live. Discover now