ကျွန်တော်စောစောနိုးလာခဲ့တယ် အကြောင်းအရင်းက ကျွန်တော့်ရင်ခွင်ထဲမှာအိပ်နေတဲ့ ကျွန်တော့်ရဲ့အသည်းအသက်လေးကြောင့်ပေါ့၊ ကျွန်တော့်ရင်ဘက်ကို လာထိနေတဲ့ သူ့ရဲ့ဝင်လေထွက်လေက နွေးနေတယ်ဆိုတာထက်ပိုနေလို့ ၊
"ချစ်ဆုံး ကိုယ်တွေပူနေတယ် ခဏထဦး ကိုယ်ရေပတ်တိုက်ပေးမယ်"
"ရပါတယ်ကိုကိုရာ ဆေးသောက်လိုက်ရင်ပျောက်သွားမှာပါ "
"ကိုယ့်ကြောင့် ချစ်ဆုံးနေမကောင်းဖြစ်သွားတာ ကိုယ့်ကြောင့် အခုတော့ကိုယ်တွေလက်တွေကိုက်ခဲပြီး နေမကောင်းဖြစ်ပြီ"
"မဟုတ်ပါဘူးကိုကိုရယ် တကယ်ပြောတာ ကိုယ်တွေလက်တွေမကိုက်တော့ဘူး မနေ့ကကိုကိုဆေးလိမ်းပေးထားလိုလေ ၊အခုနေမကောင်းတာက မနေ့က အအေးခံတာများသွားတာရယ် ဒီကရာသီဥတုကအရမ်းအေးတာေကြာင့် အအေးပတ်သွားတာပါ ကိုကိုရာ "
"လာခဲ့ ကိုယ့်ရင်ခွင်ထဲကို ၊အိပ်ချင်ေသးလား ဖက်ထားပေးမယ် ၊နည်းနည်းထပ်အိပ်လိုက်လေနော် ၊နိုးလာရင် ဆရာဝန်ခေါ်ပေးမယ် "
"အင်း အိပ်ဦးမယ်"
*******
ဆရာဝန်ရောက်လာကာစစ်ဆေးစရာရှိတာစစ်ဆေးပြီးပြန်သွားသောအခါ"တွေ့လား ကျွန်တော်မပြောဘူးလား အအေးမိတာပါဆို အခုတောင်သက်သာနေပြီ ဒါနဲ့မနက်ဖြန် New Year ကိုကိုနဲ့ဒီမှာဖြတ်သန်းရမှာ ပျော်လိုက်တာ"
"ချစ်ဆုံးမြန်မြန်နေကောင်းမှဖြစ်မှာ ကိုယ်စီစဉ်ထားတဲ့planတွေရှိပြီးသား အခုလိုနေမကောင်းတော့ အပြင်ထွက်ဖို့စဉ်းစားရတော့မယ်"
"ကိုကိုကလဲ ကျွန်တော်သက်သာနေပါပြီဆို
ဘာအစီအစဉ်တွေလဲ ဘယ်ကိုသွားမှာလဲဟင် ""အပြင်ဆိုတာအဝေးကြီးမဟုတ်ပါဘူး ဒီနာဟိုနားပေါ့"
"ဒီလိုလုပ်ပါလား ကျွန်တော်တို့ အပေါ်ထပ်က လသာဆောင်မှာပဲ တူတူဖြတ်သန်းကြမယ်လေ နော် ကိုကိုနော်လို့ ၊အဲတာလဲအပြင်ထွက်သလိုပဲလေနော် နော် နော် နော်"
"မကြောက်ဘူးလား "
"ဟမ် ဘာကိုလဲ ဘာကိုကြောက်ရမှာလဲလို့"
YOU ARE READING
L U C A S ( S-1)
RomanceChan - "ကိုကို့ရင်ခွင်ကေနွးလိုက်တာ... ဒီရင်ခွင်အကျယ်ကြီးကကျွန်တော့်နေရာနော်... ကျွန်တော်အပိုင်..." Lucas -"ဟုတ်ပါပြီ... ဒီရင်ခွင်က ကိုယ့်ရဲ့ပထမဦးဆုံးနဲ့နောက်ဆုံးဖြစ်တဲ့ ဟောဒီကချစ်ရသူလေးရဲ့အပိုင်ပါဗျာ" Seme-Lucas (Nay Min Kha) Uke-Chan (Nyein Chan Z...