L U C A S - 22

872 32 18
                                    

📳📲📳
Usက‌ပြန်‌ေရာက်‌ေတာ့အချိန်တွေအသားမကျသေးတာကြောင့် မ‌ေန့ညကနောက်ကျမှအိပ်ပျော်သွားတဲ့Lucas
ဖုန်းလာတဲ့အသံကြောင့်နိုးသွားတော့သည်...
အိပ်ချင်မူးတူးနဲ့မို့ ခေါ်သူကိုသေချာမကြည့်မိပဲ အိပ်ယာထကာစအသံDeep voiceဖြင့်

“ဟယ်လို”

“‌ေမာင်‌ေနမင်းခ မင်းအန်ကယ်တို့အိမ်ကိုဒီနေ့လာနိုင်မလား၊ စကားပြောစရာချင်လို့ ၊မင်းအားမှလာပါ”

စကားသံကြားမှ မျက်လုံးအသည်းအသန်ပွတ်ကာ ငုပ်တုပ်ထထိုင်ရင်း

“ဗျာ... ဗျာ...ဟုတ်ကဲ့ ကျွန်တော်အားပါတယ်ဗျ ၊ကျွန်တော့်ဘက်ကလဲအန်ကယ့်ကိုပြောစရာလေးတွေရှိနေလို့ နောက်တစ်နာရီအတွင်းထွက်လာခဲ့ပါမယ်ဗျ ”

“ဟုတ်ပြီ ဒါဆိုအန်ကယ် စောင့်နေမယ်”

တီ.....
ဖုန်းပြောမှုပြီးဆုံးသွားပြီးနောက် စိတ်လှုပ်ရှားမှုကြောင့်ဘယ်လိုမှအိပ်မရတော့တဲ့အဆုံး အိပ်ယာမှထကာ ရေချိုးခြင်းကိုစတင်လိုက်တော့သည်။

အိမ်ထဲကို‌ေရာက်‌ေတာ့ ထမင်းစားခန်းထဲကထွက်လာတဲ့ကြီးတုံက....

“‌ဟယ် သားနေ နေကောင်းသွားပြီလား၊ကြီးတုံတောင်သတိရနေတာ  မတွေ့ရတာတောင်ကြာပေါ့ ၊တက်သွားလိုက်သား ချမ်းဒယ်ဒီ  လသာဆောင်မှာ ရှိမယ်လို့ပြောတယ် သားရောက်ရင်အဲ့ကိုလွှတ်လိုက်လို့မှာထားလို့”

“ဟုတ် ကြီးတုံ ‌နေကောင်းတယ်မလား၊ ကျွန်တော် နေတော့ကောင်းသွားပေမယ့် အကုန်မမှတ်မိသေးဘူးဗျ အာ့ကြောင့်ကြီးတုံကိုလဲ မမှတ်သေးဘူးဖြစ်နေတာ ၊ အန်ကယ်နဲ့အန်တီကျုတောင်ပြန်မှတ်မိတာမကြာသေးဘူး ဟဲ ဟဲ၊
အော် ..ဒါနဲ့ ချမ်းရော၊မ‌ေတွ့မိလို့ကြီးတုံ ၊သူဘယ်သွားတာလဲဟင်”

“ချမ်းချမ်း လား ၊ခုနကပဲ သူ့အမေနဲ့shoppingထွက်မယ်ဆိုပြီးအတူတူထွက်သွားကြတာပဲ၊ ဒါဖြင့် အပေါ်ကိုသွားလိုက်ပါဦး နောက်မှအေးဆေးစကားပြောကြတာပေါ့သားရယ်”

“ဟုတ် ဒါဆို ကျွန်တော်သွားပြီနော်”

အပေါ်ကိုတက်သွားတော့ သတင်းစာထိုင်ဖတ်နေတဲ့ အန်ကယ်က...

L U C A S ( S-1)Where stories live. Discover now