အိမ်ပြန်ရောက်တော့...
ရေချိုးနေတဲ့ကိုကို ကို Chan ဧည့်ခန်းထဲတွင်ထိုင်စောင့်နေရင်း လက်သူကြွယ်မှာကိုကိုဝတ်ေပးထားတဲ့Coupleလက်စွပ်လေးကို ခပ်ဖွဖွ ပွတ်ရင်းပြုံးနေမိသည်။
ထိုအချိန် Polo shirt ခဲရောင်နဲ့ ဘောင်းဘီအမဲအရှည်ဝတ်ထားတဲ့ေရချိုးပြီးကာစကိုကို ကChan ရဲ့ဘေးနားတွင်ဝင်ထိုင်ကာ.....“ပင်ပန်းနေပြီလားချစ်ဆုံး ....”
“ဟင့်အင်း မပင်ပန်းဘူး ကိုကို ကျွန်တော်အရမ်းပျော်တယ် သိလား .. ”
“ကိုယ်ေလ အမှန်အတိုင်းပြောရရင် မမှတ်မိသေးတာတွေရှိနေသေးတယ်၊ မှတ်ဉာဏ်အနည်းငယ်လောက်ပဲ ပြန်သတိရသေးတာ ......ကိုယ်ကြောက်တယ် ချစ်ဆုံးနဲ့ထပ်ဝေးရမှာကို၊ အဲ့တာကြောင့် ကိုယ်ဒီပွဲေလးကိုစီစဉ်လိုက်တာ၊ကိုယ်နဲ့ပတ်သတ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအားလုံးကိုရော မီဒီယာတွေကိုရော ဖိတ်လိုက်တာမို့လို့ ဒီသတင်းကကျိန်းသေပေါက် အန်ကယ့်ဆီကိုရောက်သွားမှာ ၊အန်ကယ့်ဆီတင်မဟုတ်ဘူး စီးပွားရေးလောကတစ်ခုလုံးကိုပါ လှုပ်ခက်သွားမှာသေချာတယ်၊နောက်ကွယ်ကနေတ်ုက်ခိုက်တာတွေရှုံချတာတွေရော ရင်ဆိုင်ရတော့မှာ ၊အဲ့လိုဆို ကိုယ့်အနားမှာ မင်းရှိနေမှ ဖြစ်မှာ ၊ဒါေကြာင့် ကိုယ့်အနားကနေချစ်ဆုံးထွက်သွားလို့မရအောင် ခိုင်မြဲတဲ့ကြိုးနဲ့ချည်နှောင်ပစ်မလို့..ကိုယ်မြန်မာပြည်ပြန်ရောက်တာနဲ့ အန်ကယ့်ကိုသွားတွေ့ပြီး စကားသွားပြောမှာ.....ချစ်ဆုံးနဲ့ပေါင်းဖက်ရဖို့ ကိုယ်ဘာမဆိုလုပ်မှာ...”
“ေယာကျ်ားေလးနှစ်ေယာက် ပေါင်းဖက်တဲ့ကိစ္စဆ်ုတော့ဘယ်လွယ်မလဲကိုကိုရာ၊အတူတူကြိုးစားကြတာပေါ့..အရမ်းချစ်တာပဲ ခင်ဗျားရယ်..... ”
“နမ်းချင်တယ်၊အဲ့နှုတ်ခမ်းဖူးဖူးေလးကို ကိုယ်မနမ်းရတာဘယ်လောက်တောင်ကြာနေပြီလဲ....လွမ်းတယ်...မူးယစ်ဆေးလိုမျိုးစွဲလန်းသွားစေတဲ့ ဒီနှုတ်ခမ်းချိုချိုလေးကို လွမ်းနေခဲ့တာ....အသက်ရှုကြပ်သွားတဲ့အထိနမ်းပစ်ပြီး လူသားဆန်ပစ်လိုက်ချင်....”
စကားကိုပြီးဆုံးအောင်ပြောခွင့်မပေးတော့ပဲ chanဘက်ကစတင်နမ်းလိုက်တော့သည်.....
YOU ARE READING
L U C A S ( S-1)
RomanceChan - "ကိုကို့ရင်ခွင်ကေနွးလိုက်တာ... ဒီရင်ခွင်အကျယ်ကြီးကကျွန်တော့်နေရာနော်... ကျွန်တော်အပိုင်..." Lucas -"ဟုတ်ပါပြီ... ဒီရင်ခွင်က ကိုယ့်ရဲ့ပထမဦးဆုံးနဲ့နောက်ဆုံးဖြစ်တဲ့ ဟောဒီကချစ်ရသူလေးရဲ့အပိုင်ပါဗျာ" Seme-Lucas (Nay Min Kha) Uke-Chan (Nyein Chan Z...