တစ်နှစ်ခန့်ကြာသော်.....
ညစာစားချိန်တွင်ဦးအောင်ကျော်ဇေတစ်ယောက်စကားစလိုက်သည်။
“သား ဒယ်ဒီပြောစရာရှိတယ် ပြောချင်တာတော့ကြာပါပြီ သားကတစ်ပတ်ကိုနှစ်ရက်ပဲအိမ်ပြန်လာတာတော့ ဒယ်ဒီ အခုပဲပြောလိုက်တော့မယ်၊”
“ဟုတ် ပြောပါဒယ်ဒီ”
“ဒယ်ဒီရဲ့ သူငယ်ချင်း ဦးကျော်ကိုသားသိတယ်မလား ၊ဦး ပိုင် သမီးလေး အလင်္ကာပိုင်ကိုရော သားမှတ်မိတယ်မလား”
“အန်ကယ် ပိုင် လား သားသိတယ်လေ၊ အလင်္ကာကိုလဲ မှတ်မိတာပေါ့ ငယ်ငယ်က သားနဲ့ဆော့ဖော်ဆော့ဖက်ပဲ ဟာ ဘာဖြစ်လို့လဲ ဒယ်ဒီ ”
“သားတို့နှစ်ေယာက်ကိုဒယ်ဒီတို့ေနရာချေပးမလို့ ၊သားမှာလဲ ချစ်သူမရှိဘူးဆိုတော့ေလ သမီးလေးနဲ့ စေ့စပ်ပေးမလားလို့လေ ”
“ဗျာ.... ကျွန်တော်လုံးဝသဘောမတူဘူးနော် ၊ကျွန်တော်လက်တွဲမယ့်သူကိုကျွန်တော်ကိုယ်တိုင်ပဲရွေးချယ်မယ် ၊ ဒယ်ဒီကျွန်တော့ဘဝကို ချုပ်ချယ်ပြီးပြီပဲ တော်ပါတော့ ကျွန်တော့်အချစ်ရေးအထိတော့ မချုပ်ချယ်ပါနဲ့ဗျာ ၊အလင်္ကာဆိုတာ ကျွန်တော့သူငယ်ချင်းသူ့ကိုဘယ်တော့မှ ချစ်လာမှာ မဟုတ်ဘူး ၊ပြီးတော့ ကျွန်တော့်မှာ ချစ်သူရှိတယ် ၊အချိန်မကျသေးလို့ဖွင့်မပြောသေးတာပဲရှိတာ ”
“Lucas မလား မင်းရဲ့ချစ်သူက၊ ဖြတ်လိုက် ၊ခဏတာစိတ်ကစားတာကို တကယ်ထင်မနေနဲ့ chan ၊ယောင်္ကျားလေးအချင်းချင်းတွဲတာ ဂုဏ်ယူစရာမရှိတဲ့အပြင် လူကဲ့ရဲ့စရာတောင်ဖြစ်သေးတယ်၊မင်းကငါ့ရဲ့ တစ်ဦးထဲသောသား ငါ့မျိုးဆက်ကိုပျက်အောင်မလုပ်နဲ့ ဟေ့ကောင်၊ ငါသဘောလုံးဝမတူဘူး"
“ဘယ်လို သားတို့ကခဏတာစိတ်ကစားရအောင် ဆယ်ကျော်သက်အရွယ်တွေမှမဟုတ်တာ ၊လူလူချင်းချစ်လို့လက်ထပ်တာပဲ ဘယ်သူ့ကိုဂရုစိုက်ရမှာလဲ ဒယ်ဒီ ၊ လက်ထပ်တယ်ဆိုတာ လူတိုင်းနဲ့ထိုက်တန်ပါတယ် ၊ boy to boy လဲလက်ထပ်ခွင့်ရှိပါတယ်ဗျာ ၊အဟမ့် အခုခေတ်ကဘယ်တောင်တောင်တိုးတက်နေလဲဆိုတာ ဒယ်ဒီသိပါတယ် ယောက်ျားလေတွေ ကိုယ်ဝန်ဆောင်လို့ရတဲ့ အထိတိုးတက်နေတာမို့လို့ မျိုးဆက်ကိစ္စစိတ်ပူစရာမလိုတာလဲဒယ်ဒီသိမှာပါ ဒယ်ဒီဖြစ်ချင်တဲ့အရာတွေအကုန်ကျွန်တော့်ဘက်ကလိုက်လျောပေးပြီးပြီမို့လို့ ကျွန်တော့် လက်တွဲဖော်ရွေးချယ်တဲ့အထိတော့ လိုက်မစွက်ဖက်ပါနဲ့ဗျာ ၊ကျွန်တော်တောင်းဆိုတာပါ၊”
YOU ARE READING
L U C A S ( S-1)
RomanceChan - "ကိုကို့ရင်ခွင်ကေနွးလိုက်တာ... ဒီရင်ခွင်အကျယ်ကြီးကကျွန်တော့်နေရာနော်... ကျွန်တော်အပိုင်..." Lucas -"ဟုတ်ပါပြီ... ဒီရင်ခွင်က ကိုယ့်ရဲ့ပထမဦးဆုံးနဲ့နောက်ဆုံးဖြစ်တဲ့ ဟောဒီကချစ်ရသူလေးရဲ့အပိုင်ပါဗျာ" Seme-Lucas (Nay Min Kha) Uke-Chan (Nyein Chan Z...