လူကြီးတွေကအောက်ထပ်ကိုဆင်းသွားတော့ လသာဆောင်မှာကျန်ခဲ့တဲ့ ချမ်းက....
“ကိုကို”
“အင်း”
“ဒယ်ဒီကိုဘာတွေပြောလိုက်လို့ သူကချက်ချင်းသဘောတူလိုက်တာလဲဟင်၊မနေ့ကတောင်ကိုကိုနဲ့မရရအောင်ခွဲမယ်တွေဘာတွေပြောနေသေးတာ ၊အခုတော့လဲ သူမဟုတ်တဲ့အတိုင်းပဲ...ဟီးဟီး ...ဘာပဲဖြစ်ဖြစ်လေ ခွင့်ပြုလိုက်ပြီဆိုတော့တော်သေးတာပေါ့၊အခုမှပဲ ရင်ထဲကအလုံးကြီးကျသွားတော့တယ်....ပြောလေ...ဘယ်လိုတွေပြောလိုက်လို့ ခွင့်ပြုလိုက်တာလဲလို့....”
“မင်းခံယူထားတဲ့အချစ်ဆိုတဲ့အရာကဘယ်လိုမျိုးလဲလို့ မေးလို့ပြန်ဖြေပေးလိုက်တာပဲရှိတာပါ၊တခြားဘာမှတောင်မပြောလိုက်ရဘူး၊ အန်ကယ်ကတောင်ပြောနေသေးတယ် မင်းကိုငါ့သားသဲသဲလှုပ်ဖြစ်နေရတဲ့အကြောင်းအရင်းကိုငါသိသွားပြီတဲ့လေ....”
“အဲ့တာတွေထားလိုက်ပါတော့ ၊အခု ဘာလုပ်မှာလဲ..”
“ဒယ်ဒီတို့ဆီသွားပြောလိုက်ဦးမယ် ၊ချစ်ဆုံးကအိမ်မှာပဲနေခဲ့လိုက်တော့လေ ကိုယ်နောက်မှဖုန်းဆက်လိုက်မယ် ။”
“အင်းပါ ၊အာ့ဆိုလဲ အခုပဲသွားပြောလိုက်တော့။”
“ကိုယ်သွားပြီနော်....”
****
Wedding မတိုင်ခင်2ရက်အလို....
Wedding အတွက်မှာထားတဲ့suitတွေကိုUSဘက်ကဒီဇိုင်နာကိုယ်တိုင် လာပို့တာမို့လို့ လေဆိပ်ကိုကိုယ်တိုင်သွားယူပြီးLucas ရဲ့ကွန်ဒိုသို့ သယ်လာတဲ့ Jungတစ်ယောက် ညည်းညူးလို့နေပါတော့သည်..
“Hrrrrrrrr....
“wedding အတွက်မှာထားတာလား ဆိုင်ပြန်ဖွင့်မှာလားဆိုတာ မသဲကွဲဘူးကွာ ၊နည်းတာမဟုတ်ဘူးကွာ မှာထားတာတွေက ....””Hyung မှာထားတဲ့ဘsuitတွေကျွန်တော်ယူလာပြီနော် ..”
ရေချိုးခန်းထဲဝင်နေတဲ့ Lucasက လှမ်းအော်ကာ...
“Jung မင်းပဲ Chanဆီကိုယူသွားပြီး ကြိုက်တာရွေးထားဖို့ပြောလိုက်နော်...”
“Hyung တကယ်မလိုက်ဘူးလား၊တော်ကြာ စိတ်ကောက်သွားဦးမယ်နော် Hyungဒီရက်ပိုင်းChan ဆီကိုမသွားဖြစ်ဘူးမလား ”
YOU ARE READING
L U C A S ( S-1)
RomanceChan - "ကိုကို့ရင်ခွင်ကေနွးလိုက်တာ... ဒီရင်ခွင်အကျယ်ကြီးကကျွန်တော့်နေရာနော်... ကျွန်တော်အပိုင်..." Lucas -"ဟုတ်ပါပြီ... ဒီရင်ခွင်က ကိုယ့်ရဲ့ပထမဦးဆုံးနဲ့နောက်ဆုံးဖြစ်တဲ့ ဟောဒီကချစ်ရသူလေးရဲ့အပိုင်ပါဗျာ" Seme-Lucas (Nay Min Kha) Uke-Chan (Nyein Chan Z...