L U C A S - 18

1.1K 67 32
                                    

“စိတ်မကောင်းဖြစ်မနေပါနဲ့ကိုကိုရာ  ၊အရင်ကကိစ္စတွေမမှတ်မိထားကိုခေါင်းကိုက်ခံပြီးပြန်မတွေးနဲ့တော့ ၊အခုလက်ရှိကိုပဲအကောင်းဆုံးဖြစ်အောင်ကြိုးစားကြမယ်နော် ”

“ကိုယ်လဲ အခုကစပြီး Chan အနားမှာအမြဲရှိနေပေးမယ်”

“‌ေဘးနားမှာအမြဲရှိ‌ေနလို့‌ေတာ့ဘယ်ရမလဲကိုကိုရ ၊ကျွန်တော် Toiletထဲဝင်ရင်‌ေတာ့ ကိုကိုပါ လိုက်ဝင်လို့မရဘူးလေ ”

အခြေအနေကိုတစ်မျိုးပြောင်းသွားအောင်ဟာသလေးနှောပြီးပြောလိုက်တော့ သူကသဘောကျသွားတယ်ထင်တယ် Deep Voiceကြီးနဲ့အားရပါးရရီနေလေတယ်။

“ဟား....ဟား....ဟား......ဟား ၊အဲ့အချိန်တော့ကိုယ်အပြင်မှာနေခဲ့မှာပေါ့ကွာ၊”

“အဲ့မှာ ရီနေလိုက် ၊ကိုကိုလုပ်လို့ ခေါက်ဆွဲတွေပစ်ရတော့မယ် ဒီမှာကြည့်ဦး ပွကုန်ပြီ ၊ငတ်ပါပြီ ”

“ကိုယ်သွားဝယ်ပေးမယ်လေ ဘာစားချင်လဲ..”

“ဗိုက်ထဲကို‌ေခါက်ဆွဲတစ်ဝက်‌ေလာက်ဝင်သွား‌တာဆို‌ေတာ့ တော်ပါပြီ ဘာမှမစားချင်တော့ဘူး၊ ကိုကိုကမှ ဗိုက်ဆာနေမှာ ဘာမှလဲ မစားရသေးပဲနဲ့”

“ရတယ် ၊ကိုယ်ဗိုက်မဆာဘူး၊ထားလိုက်တော့ ၊ အိပ်ချင်နေပြီလား”

“ဟင့်အင်း ၊ကိုကိုအရင်က ဂစ်တာတီးတတ်တယ်သိလား အခုရော တီးတတ်သေးလားဟင်”

“အင်း တီးတတ်တာပေါ့ ကိုယ်တီးပြရမလား”

“ဟင်းးးးးးးးး ”

သက်ပြင်းချသံတစ်ခုက ချမ်း ဆီမှကျယ်လောင်စွာ ထွက်ပေါ်လာပြီးနောက် စကားတစ်ခွန်းဆိုလာ၏

“ကိုကိုက ကျွန်တော်က လွဲရင် အားလုံးကိုမှတ်မိနေတာပဲ   ကိုကိုမတရားဘူးဗျာ မမှတ်မိဘူးဆိုရင်လဲ အားလုံးကိုအတူတူမမှတ်မိတာပဲဖြစ်သင့်တယ်မလား ၊အခုဟာက အားလုံးကိုမှတ်မိပြီး ကျွန်တော့်ကိုမှ .......တော်ပြီ  တော်ပြီ ပိပ်ချင်ချင်မအိပ်ချင်ချင် သွားတော့မယ် ၊ကြာကြာဆက်နေရင် ကိုကို့ ကို ကျွန်တော် စိတ်ကောက်မိနေလိမ့်မယ် ၊တစ်ယောက်ထဲ စိတ်ဆိုးပြီး တစ်ကောက်ထဲပဲ စိတ်ကောက်‌ေပြရဦးမယ်”

L U C A S ( S-1)Where stories live. Discover now