L U C A S - 21

1.3K 48 14
                                        

“မနက်‌ေစာ‌ေစာ ထမင်းစားခန်းထဲမှာ မနက်စာစားနေရင်းဦးအောင်ကျော်ဇေတစ်ယောက် စိတ်အလိုမကျဖြစ်နေလေသည်။ မျက်ခုံးတန်းနှစ်ခုကိုထိကပ်လုနီးပါး ဖြစ်စေတဲ့ သားတော်မောင်ရဲ့သတင်းက ဟိုးလေးတကျော်ကျော်ဖြစ်လို့နေလေသည်....”

“သွယ် ....မင်း သားကမဟုတ်သေးဘူးနော် ၊သူ့မှာမိဘနှစ်ပါးလုံးသက်ရှိထင်ရှားရှိနေသေးတာကိုရော သတိရသေးရဲ့လား ဟမ် ၊ကိုယ်တို့တွေ‌ကိုတောင်မတိုင်ပင်ပဲ သူ့စိတ်ကူးနဲ့သူ လုပ်ချင်ရာတွေလုပ်နေပြီး မိဘမျက်နှာကိုအိုးမဲသုတ်နေတဲ့ကောင် ၊ 

“သားကဒီ‌ေန့ပြန်လာမှာပါ အကိုရယ်၊ သားပြန်လာမှ သေချာမေးကြည့်ကြတာပေါ့ ၊ အခုတော့စိတ်ကိုလျော့ပြီး မနက်စာစားကြတာပေါ့ ”

*****
မြန်မာပြည်ကိုပြန်ရောက်ရောက်ချင်း အလုပ်တက်မယ်လို့ပြောလာတဲ့ ချမ်းကို အလင်္ကာ လာကြိုတာဖြစ်သည်။‌
နာရီဝက်လောက်ကြာတော့ .....တွေ့ပါပြီ ဒင်းကို၊သူကလဲ အလင်္ကာကိုတွေ့တော့ပြေးလာလိုက်တာ  ‌သူများတွေမြင်ရင်
နှစ်တွေအကြာကြီးမတွေ့ရတဲ့သူတွေအခုမှပြန်တွေ့တယ်လို့ထင်လောက်သည်။အတွေးတွေကိုရပ်တန့်ကာ....

“အမ‌ေလး ငါ့သူငယ်ချင်းလေး စိတ်ချမ်းသာနေတယ်ထင်တယ် ဟိုကိုသွားတာတစ်ပတ်တောင်မကြာသေးဘူး မျက်နှာလေးတောင်ပြည့်လာတယ်၊  ၊ငါ့ကိုဖုန်းလဲမဆက်၊စာလဲမပို့နဲ့ ...နင့်သတင်းတွေကတော့ဒီမှာ ဟိုးလေးတကျော်ကျော်ပဲ ချမ်းရဲ့”

“အလင်္ကာရယ် ‌အခုမှပြနိရောက်တဲ့သူကိုနင်အမောဆို့အောင် ရောက်ရောက်ချင်းဆောက်နဲ့ထွင်းချရက်တယ်၊ နင့်ကိုအကုန်‌ေပြာပြမှာပါဟာ အခုတော့နားပါရစေဦး”

အလင်္ကာ  ချမ်းနဲ့စကားပြောပြီးတော့မှ ချမ်းရဲ့အနောက်မှာရပ်နေတဲ့ ကိုနေမင်းခကိုသတိထားမိတော့တယ်။

Luggage 2ခုကိုဘယ်ညာနှစ်ဖက်ခွဲပြီးကိုင်လာတဲ့ ကိုနေမင်းခကိုမြင်တော့မှ အလင်္ကာတစ်ယောက် ချမ်းနဲ့အလွမ်းသယ်နေတာကိုရပ်လိုက်ပြီး....

“‌ေန‌ေကာင်းသွားပြီလား ကို‌ေနမင်းခ၊ အလင်္ကာက ချမ်းရဲ့ ငယ်သူငယ်ချင်းပါနော် ၊အကိုက အတိတ်မေ့နေတာဆိုတော့ ညီမနဲ့ ချမ်းနဲ့ကိုတစ်မျိုးထင်သွားမှာဆိုးလို့ ပြန်မိတ်ဆက်တာပါ၊ ချမ်းနဲ့စကားပြောနေတာနဲ့ ကိုနေမင်းခကိုနှုတ်ဆက်ဖို့‌ေမ့သွားတာ ဆောရီးနော်
ဟီး..ဟီး”

L U C A S ( S-1)Where stories live. Discover now