L U C A S -14

1.1K 42 12
                                    

“ဟယ်လို ဖြိုးပိုင်  ငါပါအောင်ကျော်ဇေ၊ ငါတို့ပြောထားတဲ့ သားရေးသမီးရေးကိစ္စလေး‌ေလ မင်းအဆင်ပြေမယ်ဆို ငါတို့ဘက်ကစေ့စပ်ဖို့ကိစ္စကိုအကောင်အထည်ဖော်လိုက်တော့မယ်”

“‌ေပြာစရာလို‌ေသးလို့လားကွာ ငါလဲငါ့သမီးကို နိုင်ငံခြားကနေပြန်ခေါ်ထားတယ်၊သူရောက်တဲ့နေ့ စေ့စပ်လိုက်ကြတာပေါ့”

“ဟုတ်ပြီ ဖြိုးပိုင် ငါ့ဘက်ကပြင်ဆင်စရာရှိတာပြင်ဆင်လိုက်တော့မယ် ၊ဒါ‌ပဲနော်”

သားနဲ့အဖေ တစ်ယောက်တစ်မျိုး လုပ်ချင်တာတွေလုပ်နေကြတာကိုကြည့်ပြီး ဒေါ်သွယ်သွယ်ဟန် စိတ်ညစ်နေတော့သည်။သားကလဲ သူ့ဆုံးဖြတ်ချက်ကိုပြင်မှာမဟုတ်သလို အဖေလုပ်သူကလဲ လုံးဝအလျော့ပေးပါမဟုတ်ပေ။

“အကို  သွယ် တစ်ခုလောက်‌ေပြာလို့ရမလား”

“‌ေပြာ‌ေလ သွယ်”

“သွယ်က‌ေတာ့‌ေလ သားဆန္ဒမပါပဲအတင်းအကြပ်မလုပ်စေချင်ဘူးအကို ၊သားက ငယ်ငယ်လေးထဲက အကို့စကားဆို မြေဝယ်မကျနားထောင်တဲ့က‌ေလးတစ်‌ေယာက်၊အကို သဘောမကျတဲ့ အလုပ်ကိုတောင်စွန့်လွှတ်ပြီး အကို့လုပ်ငန်းကို သူဝါသနာမပါတာတောင် လုပ်ပေးခဲ့တာမလားသားလဲငယ်တော့တဲ့အရွယ်မှမဟုတ်တော့တာအကိုရယ်၊ အိမ်ထောင်ရေးကိစ္စကိုတော့သူ့ဘာသာသူပဲရွေးချယ်ပါစေအကိုရယ် ”

“ကိုယ်က လိုက်ချုပ်ချယ်နေတာမဟုတ်ဘူး သွယ် ၊သူရွေးချယ်တာကိုကမဟုတ်တာ ၊သူကြိုက်တဲ့မိန်းကလေးတစ်ယောက်ကိုသာ ခေါ်လာခဲ့လိုက် ဘယ်ကပဲဖြစ်နေဖြစ်နေ လက်ထပ်ပေးလိုက်မှာ ၊အခုတော့ လူကြားလို့မှမကောင်း ယောကျ်ားလေးတစ်ယောက်ကိုမှ ကြိုက်နေရတယ်လို့ကွာ”

“အကို နေနေတာကမင်းတုန်းမင်းလက်ထပ်မှမဟုတ်တာအကိုရယ် အဲ့လိုခေတ်မှာသာအယူအဆများစွာရှိရင်ရှိမယ် ဒီဘက်‌ေခတ်‌ေတွမှာကဆန်းမှမဆန်း‌ေတာ့ပဲ ၊အကို့လိုခေတ်ပညာတတ်ကဒါတွေပိုတောင်နားလည်ပေးရဦးမယ်မဟုတ်ဘူးလား၊ပြီးတော့ သားတွဲနေတဲ့သူကလဲ သူစိမ်းမှမဟုတ်တာအကိုရယ် ခတို့ရဲ့သားမလား၊အကိုသူငယ်ချင်းရဲ့သားပဲကို အကိုလက်ခံပေးလိုက်ပါနော်၊သွယ်ကတော့ သဘောတူတယ်၊ကောင်‌ေလးကအသိုင်းအဝိုင်း‌ေကာင်း‌ေလးထဲကဆို‌ေတာ့ရည်ရည်မွန်မွန်‌ေလး၊ပြီး‌ေသာ ကပြာလေး၊ကောင်‌ေလးနဲ့စကားနည်းနည်း‌ေပြာလိုက်တာနဲ့ ဘယ်လောက်ယဉ်ကျေးလဲဆိုတာသိသာတယ်၊ ခ တို့ကလူတော်လူကောင်းလေးဖြစ်အောင်ထိန်းကျောင်းခဲ့တာပဲ၊”

L U C A S ( S-1)Opowieści tętniące życiem. Odkryj je teraz