L U C A S -13

1.2K 44 6
                                    

အိပ်နေတဲ့အချိန် ပါးကိုလာထိတဲ့အထိအတွေ့ကြောင့်မျက်လုံးဖွင့်ကြည့်လိုက်တော့ အပြုံးတွေနဲ့ကြည့်နေတဲ့ သူ့ရဲ့ချစ်ရသူ ကိုတွေ့၏

“ထ‌ေသးဘူးလား ”

“မထချင်‌ေသးဘူး မနက်အစောကြီးကမှအိပ်ပျော်သွားတာမို့လို့ နည်းနည်းအိပ်ချင်သေးတယ်”

အိပ်ရာထကာစ ကိုကို့ရဲ့အသံdeep voiceကြီးကအတင်းနှိုးဖို့လာတဲ့ Chan ရဲ့စိတ်တွေကိုပျော့ခွေသွားအောင်လုပ်နိုင်လွန်းတာမို့ Chan အလျော့ပေးကာ ကိုကို့ကိုပြန်အိပ်ခိုင်းလိုက်သည်။

မျက်လုံးမဖွင့်ပဲနဲ့ကိုကိုက

“ ခဏလေးပဲ အိပ်မယ် ၊နောက်နာရီဝက်လောက်နေရင်နှိုးပေး ၊ကိုယ့်‌ေဘးမှာအိပ်ဦးမလား”

“ဟင့်အင်း အိပ်တော့ဘူး ကိုကိုစားဖို့ဝယ်လာတဲ့မနက်စာသွားပြင်လိုက်ဦးမယ် ပြီးရင်လာနှိုးမယ်နော်”

“အင်းပါ”

မနက်စာပြင်ပြီးနောက် ဧည့်ခန်းကဆိုဖာတွင်ထိုင်ကာ Netflix က Seriesတစ်ခုကြည့်နေချိန်တွင် ကိုကိုကအခန်းထဲမှ ထွက်လာကာ Chan ဘေးတွင်ဝင်ထိုင်ရင်း

“ ရုံးပိတ်ရက်ကိုဘာလို့အ‌ေစာကြီးထပြီးကိုယ့်ဆီကိုလာတာလဲ အိပ်‌ေရး‌ေရာဝရဲ့လားကွာ”

ဒီစကားကိုChanရဲ့ပုခုံးပေါ်မျက်နှာမှီပြီးပြောနေတဲ့ကိုကို့ပုံစံက အိပ်ရေးမဝတဲ့ကလေးလေးလိုဖြစ်နေတာကြောင့်chan ကိုကို့ ဆံပင်လေးတွေကိုထိုးဆွရင်း

“ဘာလို့အလုပ်‌ေတွအရမ်းလုပ်‌ေနရတာလဲကိုကိုရာ နားပြီးလုပ်ပေါ့ ညဘက်တွေတောင်မအိပ်ဘဲ လုပ်စရာလိုလို့လား”

“ကိုယ်တို့နှစ်‌ေယာက်အတွက်‌ေပါ့ ချစ်ဆုံးဒယ်ဒီ ကြည်ဖြူအောင်ကိုယ်ကြိုးစားရမယ်လေ ”

“ကိုကိုက ပြည့်စုံနေပြီးသားပဲလေ ဘာမှမလိုတော့ပါဘူးဗျာ ဒယ်ဒီသဘောမတူတာဒါတွေ‌ေကြာင့်မှမဟုတ်တာ ထားလိုက်ပါကိုကိုရာ သူသဘောမတူလဲ ကျွန်တော်က ကိုကို့ကို ခိုးပြေးမယ်ဗျာ"
  ”
"ယောက္ခမကြီးကိုသွားတွေ့ပြီး ၊အန်ကယ့်သား ကျွတ်တော့်ကိုပေးပါလို့သွားပြောလိုက်ရမလားဟင်"

L U C A S ( S-1)Where stories live. Discover now