L U C A S - 4

2.5K 141 4
                                    

Two years later......

အချိန်တွေကြာလာတာနဲ့အမျှ Lucas နဲ့ Chan တို့နှစ်ယောက်ဟာ ရင်းနှီးလာကြသည်။ အရာရာမှာစေ့စပ်သေချာတဲ့ သူတို့နှစ်ယောက်ဟာ လုပ်ငန်းတွေကိုပူးပေါင်းလုပ်ရင်းအောင်မြင်လာတာ‌ေကြာင့်သူတို့နှစ်ယောက်နှင့်ဆိုရင် အလုပ်တွဲလုပ်ချင်သုတွေဟာ အများအပြား။

နှစ်နှစ်ဆိုတဲ့အတောအတွင်းမှာ Chan ဟာ အရင်ကသဘောမကျလို့လှည့်တောင်မကြည့်ခဲ့တဲ့ ဒီအလုပ်တွေကိုသူနဲ့အတူပူးပေါင်းလုပ်ရင်း နေသားကျလာခဲ့တာ ဒယ်ဒီဂုဏ်ယူရလောက်တဲ့အခြေအနေတစ်ခုထိတောင်ရောက်ရှိခဲ့ပါပြီ။

📳📳📳 Christmas ရုံးပိတ်ရက်ရှည်ကြောင့်ညညည့်နက်ထိအလုပ်လုပ်ထားလို့ အိပ်ချင်မူးတူးဖြစ်နေတဲ့ chanတစ်‌ေယာက်မြည်နေတဲ့ဖုန်းကို လှမ်းကိုင်လိုက်ချိန်တွင်တစ်ဖက်လူက

"ဟယ်လို ...
Chan ထတော့လေကွာ 8နာရီတောင်ထိုးနေပြီ အလုပ်ပိတ်ရက်ဆိုပြီးနေလည် 12နာရီအထိဆက်အိပ်မလို့လား "

"နည်းနည်းလောက်ထပ်အိပ်ချင်သေးတယ်  မနေ့ညက အလုပ်တွေလက်စသတ်ထားတာကြောင့် နည်းနည်းညည့်နက်သွားလို့ပါအကိုရာ ၊ကျွန်တော်က အကိုထင်သလို အိပ်ပုတ်မကြီးပါဘူးဗျာ"

"ထပ်မအိပ်နဲ့တော့ ဒီနေ့က Christmasရုံးပိတ်ရက်စပြီလေကွာ အဲ့တာအပန်း‌ဖြေခရီးထွက်ဖို့ပြင်ဆင်စရာရှိတာပြင်ဆင်ရအောင် ထတော့ကွာ"

Lucasရဲ့စကားကြောင့် chanအသံတိတ်ကာစဉ်းစားနေရင်း

"နေ‌ နေပါဦး အကိုရာ ၊ဘယ်သူတွေကဘယ်ကိုခရီးသွားမှာမို့လို့ ကျွန်တော်ကပြင်ဆင်ရမှာလဲ အိပ်ချင်စိတ်တောင်ပြေသွားပြီဗျာ၊အကိုကအိပ်နေတဲ့သူကိုတစ်ကူးတစ်ကကြီး ဖုန်းဆက်ပြီး ပဟေဋိတွေဖြေခိုင်းနေတာပဲ"

"ငတုံးလေး ခရီးထွက်ဖို့အကြောင်းကို ငါကမင်းကိုဆက်ပြောပါတယ်ဆိုမှတော့ မင်းနဲ့ခရီးထွက်ဖို့ပေါ့ ၊မင်းပြောဖူးတယ်လေ
ပိတ်ရှည်လေးရရင် ခရီးသွားချင်ပါတယ်ဆို အာ့ကြောင့်ထပြီးပြင်ဆင်တော့ ၊အေးတဲ့နေရာကိုသွားမှာနော်‌ နွေးနွေး‌ေထွးထွေးဖြစ်မယ့်အဝတ်တွေယူခဲ့၊ ကျန်တာအားလုံး အစ်ကို့ဘက်က စီစဉ်ထားပြီးသား 7 နာရီကျရင်လာခေါ်မယ် အဆင့်သင့်ပြင်ထားနော်"

L U C A S ( S-1)Where stories live. Discover now