မနက်စောစောစီးစီး Shine Group ရှယ်ယာဈေးတွေထိုးကျသွားေကြာင့်ေဒဝါလီခံသွားတဲ့သတင်းရယ် ၊Ceoဟာလူသတ်ရန်ကြံစည်မှုရယ်အဖမ်းခံရတဲ့သတင်းရယ်နဲ့အမြန်လမ်းမှာကားမှောက်လို့သေကုန်တဲ့ ရှိုင်းဟန်ရဲ့မိသားစုတွေသတင်းကဟိုးလေးတကျော်ကျော်ဖြစ်လို့နေလေသည်။
CEOနဲ့Companyအကြီးအကဲေတွသာစီးလို့ရတဲ့ဓာတ်လှေကားထဲမှ ထွက်လာတဲ့CEOက မဲ့ပြုံးတစ်ချက်ပြုံးကာ ရုံးခန်းထဲသို့ဝင်သွားလေသည် ....
အခန်းထဲမှCEOက အတွင်းရေးမှူးမလေးကိုခေါ်လိုက်တော့...
“မလဲ့ အလင်္ကာပိုင်ကို ကျွန်တော့်ရုံးခန်းထဲလွှတ်လိုက်ပါ”
“ဟုတ်ကဲ့ဆရာ”
ခဏကြာတော့ အလင်္ကာအခန်းထဲသို့ရောက်လာလေသည်။
“အလင်္ကာ ငါဒီနေ့ည ကိုကိုနဲ့USကိုလိုက်သွားဖို့ပြင်ဆင်ထားတယ်၊ နင့်ကိုငါအပ်ခဲ့မယ်ဟာ ၊ငါဟိုကနေ အရေးကြီးကိစ္စရှိရင်Zoomနဲ့ပဲညွှန်ကြားမယ်၊ ငါ့အတွင်းရေးမှူး မလဲ့ကိုနင်မသိတာရှိရင်ေမး၊သူက ငါယုံကြည်ရတဲ့သူပဲဟ”
“စိတ်ချ၊နင်သွားမယ့်ခရီးကိုသာ ဖြောင့်ဖြောင့်တန်းတန်းသွား၊ ငါလုပ်နိုင်ပါတယ်ဟာ၊ဒါနဲ့ နင်ဘယ်လောက်ကြာမှာလဲ”
“တစ်လေလာက်ပါပဲ ၊ ငါနငိ့ကိုယုံပါတယ်ဟာ ၊ဒါနဲ့ဦးပိုင်ရော ငါတိုါကိစ္စဘာပြောသေးလဲ”
“ငါက ဘယ်သူမို့လို့လဲ၊ အလင်္ကာပိုင်ပါဟ မပိုင်ပဲ ခြင်တောင်မရိုက်ဘူး၊ နင်နဲ့ငါ့ကိုအမြန်စေ့စပ်ပေးမယ်လို့ေပြာေတာ့ ငါ ဓားတစ်ချောင်းယူပြီး လည်ပင်းကိုထိုးပြီးရွယ်ပြလိုက်တယ်၊အဲ့မှာ အားလုံးသွေးပျက်ကုန်တာ၊မလုပ်ပါနဲ့ေတာ့ အဲ့ဓားကြီးကိုချထားလိုက်ပါ ၊သမီးသဘောမကျရင် Chanနဲ့ေပြာထားတဲ့ကိစ္စကို ဒယ်ဒီတို့ဘက်က ပြတ်ပြတ်သားသားငြင်းလိုက်ပါ့မယ်တွေဖြစ်ကုန်တာ ၊
ငါ့ဘက်ကလဲအပြတ်ပြောလိုက်တယ်လေ ဒီအသက်ဒီအရွယ်ထိရောကိပြီ သမီးဘက်ကဒယ်ဒီတို့ကို မျက်နှာပျက်စေမယ့်ကိစ္စ၊သိက္ခာကျစေမယ့်အလုပ်တစ်ခုမှ မလုပ်ခဲ့ဖူးဘူးလို့ ဒယ်ဒီတို့စကားကိုမြေဝယ်မကျနားထောင်ခဲ့တယ်၊အခုလို တစ်သက်လုံးလက်တွဲသွားရမယ့် သမီးရဲ့လက်တွဲဖော်ရွေးချယ်တဲ့ကိစ္စာမှာလဲ ဒယ်ဒီတို့ဘက်ကChan မှမဟုတ်ဘူး တခြားတစ်ယောက်ယောက်နဲ့ပဲဖြစ်ဖြစ်အတင်းအကြပ်စီစဉ်လာရင် သမီးကိုအသက်ရှင်လျှက်မတွေ့စေရဘူးလို့ပြောပြီး ငါအိမ်ကိုနှစ်ရက်လောက်မပြန်ပဲ ကွန်ဒိုမှာပဲနေလိုက်တယ်၊ မနေ့ကမှ ငါ့ကို ပြန်ချော့နေလို့ အိမ်ပြန်နေလိုက်တာ”
YOU ARE READING
L U C A S ( S-1)
RomanceChan - "ကိုကို့ရင်ခွင်ကေနွးလိုက်တာ... ဒီရင်ခွင်အကျယ်ကြီးကကျွန်တော့်နေရာနော်... ကျွန်တော်အပိုင်..." Lucas -"ဟုတ်ပါပြီ... ဒီရင်ခွင်က ကိုယ့်ရဲ့ပထမဦးဆုံးနဲ့နောက်ဆုံးဖြစ်တဲ့ ဟောဒီကချစ်ရသူလေးရဲ့အပိုင်ပါဗျာ" Seme-Lucas (Nay Min Kha) Uke-Chan (Nyein Chan Z...