"အားး နောက်ဆုံးတော့ စာမေးပွဲပြီးသွားပြီ"
အခန်းထဲပြန်ရောက်တာနဲ့ ဘာမှမလုပ်နိုင်ပဲကုတင်ပေါ်ကိုပစ်လှဲမိလိုက်သည်။ ထိုခံစားချက်ကိုဘာနဲ့မှမလဲနိုင်ပေ။
ဒီနေ့က ဒုတိယနှစ် ဒုတိယ တစ်ဖြတ်အတွက် နောက်ဆုံးစာမေးပွဲဖြစ်သည်။ စာမေးပွဲကာလတစ်လျှောက်လုံးပင်ပန်းခဲ့သမျှ ဒီနေ့တော့အတိုးချနားရတော့မည်။ ပြီးတော့ နောက်နှစ်ရက်လောက်နေရင်လည်း အိမ်ပြန်ရတော့မည်လေ။မေမေကတော့ တစ်ပတ်တစ်ခါလာပေမယ့်လို့ အိမ်ပြန်ချင်တာတော့အမှန်ပင်။" ပင်ပန်းလိုက်တာဟယ် စာမေးပွဲဖြေရတာ "
" ငါ့ေကာင်ေလးကိုဖုန်းဆက်ရမယ် ပင်ပန်းတာတွေပျောက်သွားအောင်"
ထိုသို့ပြောလိုက်သူမှာ ကျွန်မ၏ သူငယ်ချင်း ဝတ်မှူန်ဖူးဝေ ဖြစ်သည်။ အဆောင်က အခန်းတွေက တစ်ခန်းကိုငါးယောက်နေရပါသည်။ အခန်းမှာ ငါးယောက်ရှိသော်လည်းသူတစ်ယောက်တည်းရည်းစားရှိနေ၍ တစ်ခါတစ်လေ ကျွန်မတို့လေးယောက်ကအနိမ်ခံရပါသည်။
"နင်ကလည်းမဆိုင်လိုက်တာ"
"ဆိုင်တာပေါ့ အေးပေါ့လေ နင်တို့ကရည်းစားမှမရှိတာ ဘယ်သိမှာ"
"အေး ပြောထားအုံးပေါ့"
"ဒါနဲ့ ဟိုသုံးယောက်ဘယ်သွားကျလဲ"
"မသိဘူးလေ အစ်မအိမ်က ပိုက်ဆံပို့လို့သွားထုတ်တာလိုက်သွားတာနေမှာပေါ့"
ကျွန်မတို့အခန်းထဲက အခန်းဖော်သုံးယောက်က နယ်ဝေးတဲ့အတွက် တစ်လတစ်ခါမှသာ ပိုက်ဆံပို့ပေးလေ့ရှိသည်။ တစ်ခါတစ်လေ ဟင်းတွေလည်းပါသေးသည်။ ကျွန်မနဲ့ ဖူး ကရန်ကုန်ကဖြစ်ပြီး အိမ့်သဒ္ဒါဖြူ ကတော့ မွန်ပြည်နယ်၊ ဝတ်ရည်လွှာ ကတော့ ကရင်ပြည်နယ် ပြီးတော့ ကျွန်မတို့အစ်မလို့ခေါ်တဲ့ အစ်မ အေးမြကြည်ကတော့ ပဲခူးတိုင်းကဖြစ်ပါသည်။ နောက်ဆုံးကျန်တာကျွန်မပေါ့ ကျွန်မနာမည်က လွန်းဧကရီထက် သူငယ်ချင်းတွေကတော့ လွန်း လို့်ခေါ်ကြပါသည်။"ပြောရင်းနဲ့ လာပါပြီ ဟိုသုံးယောက် အသက်ရှည်အုံးမယ်"
" ဟဲ့ ဖူး ငါတို့ညနေစာ ဘာဝယ်စားကြမလဲ အိမ်ကပို့တဲ့ဟင်းတွေကမစားချင်တော့ဘူး"
YOU ARE READING
သို့ အကြင်သူ...
Romanceလွန်းသာ တို့ဘဝ ထဲကထွက်သွားမယ်ဆိုရင် ပထမဆုံးခြေလှမ်းလှမ်းလိုက်တာနဲ့ တို့ဆိုတာ လေထဲက မြူမှုန်လေးလို ပျောက်ကွယ်သွားရလိမ့်မယ်.....