အတန်းက ရှစ်နာရီ စမှာဖြစ်တာကြောင့် ပြင်ဆင်ပြီး lecture room သို့ထွက်လာခဲ့သည်။ လွန်းက အဝေး နည်းနည်းမှုန်တာကြောင့် ဒုတိယတန်းတွင်နေရာယူလိုက်ပြီး ဖူးက ဘေးတွင်ထိုင်သည်။
" လွန်း ငါနင့်ကိုမေးစရာရှိတယ် " စလာပါပြီ ဝတ်မှုန်ဖူးဝေ တို့တော့။
"အွန်း" လွန်း သူ့ကိုမကြည့်ပဲ စာအုပ်ဖတ်ရင်း ပြန်ထူးလိုက်သည်။
"ဟိုတစ်နေ့က နင့်ကို လာခေါ်တဲ့ အမျိုးသမီးက ဘယ်သူလဲ တစ်ခါမှလည်း မမြင်ဖူးဘူး ညက မေးမလို့ပဲ မေ့သွားတာ"
လွန်း ဖူးဘက်သို့တည့်တည့်လှည့်လိုက်သည်။
"အဲ့အမျိုးသမီး နာမည်က ဒေါ်မေသဝဏ်နွယ်တဲ့ Colon and rectal surgeon ငါတို့ ဟိုတစ်ခါအိမ်ပြန်တုန်းက ခင်တာ&$;+?_):($&) "
လွန်းလည်း အကြောင်းစုံကို ဖူးကိုရင်ဖွင့်ပြီးပြောပြမိသည်။ ဘာပဲပြောပြောဖူးက တခြားသူထက်စာရင် ကျွန်မကိုနားလည်ပေးနိုင်သည်လေ။
"နင်ပြောပုံအရဆိုရင် နင့်အန်တီကလည်း နင့်ကို သဘောကျနေတဲ့ပုံစံပါပဲဟ"
"ဖူး နင်ဒါကိုကြားဘူးလား "
"ဘာလဲ အဆုံးမရှိအစမရှိ"
"လူတွေက အချစ်နဲ့ပတ်သတ်လာရင် အမြဲလွဲမှားစွာ ယူဆတတ်တဲ့ အရာတစ်ခုရှိတယ် တဲ့ အဲ့ဒါက ကိုယ်သဘောကျနေတဲ့သူက ကိုယ့်ကိုပြန်ပြီး သဘောကျတယ်လို့ ထင်နေတာတဲ့ ဒါကြောင့် ငါအများကြီး မမျှော်လင့်ရဲဘူး ငါမျှော်လင့်ထားတဲ့အတိုင်းမဖြစ်လာခဲ့ရင် ငါပဲ ခံစားရမှာ ဖူး"
"နင်ကလည်း စစ်မရောက်ခင် မြှားကုန်နေပြန်ပြီ နင့်အန်တီလက်ခံလာအောင် နင့်ဘက်က ရအောင်ကြိုးစားရမှာပေါ့"
"အေးပါ ငါကြိုးစားကြည့်ပါ့မယ် နင့်ကိုလည်း ငါကျေးဇူးတင်ပါတယ် ငါ့ဖြစ်တည်မှူကိုသိသွားတာတောင် ငါ့ကိုအရင်လိုပဲ လက်ခံပေးလို့"
"မလိုပါဘူးဟာ ငါလည်းခေတ်လူငယ်ပါ ဒီလိုမျိုးတွေလက်ခံပါတယ် နင့်ဘာသာဘာပဲဖြစ်နေဖြစ်နေ ငါ့သူငယ်ချင်းပဲ"
"ကျေးဇူးပါ ဖူး "
"ကဲကျေးဇူးကနောက်မှ တီချယ်လာပြီ "
YOU ARE READING
သို့ အကြင်သူ...
Dragosteလွန်းသာ တို့ဘဝ ထဲကထွက်သွားမယ်ဆိုရင် ပထမဆုံးခြေလှမ်းလှမ်းလိုက်တာနဲ့ တို့ဆိုတာ လေထဲက မြူမှုန်လေးလို ပျောက်ကွယ်သွားရလိမ့်မယ်.....